နောက်တစ်ကြိမ် မိုင် ၈၀၀ နှုန်း ပြေးနိုင်ဖို့ ကြိုးစားနေပါတယ်

သီအိုရီအရ အမြန်ဆုံး Speed 1000mph အထိ ပြေးနိုင်မယ့် ဒုံးပျံအင်ဂျင်တပ် Bloodhound ကားကို ဈေးကွက်တင် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။

မြေပြင်အမြန်နှုန်း စံချိန်ကို ချိုးဖို့အတွက် တည်ဆောက်ထားတဲ့ Bloodhound စူပါဆိုးနစ်ကားရဲ့ လက်ရှိပိုင်ရှင်ဟာ အိုင်ယန်ဝါးဟာစ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ ဒီကားနဲ့ တစ်နာရီ၆၂၈ မိုင်နှုန်းနဲ့ မောင်းနှင်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က တောင်အာဖရိကတိုက် Hakskeen Pan မှာမောင်းနှင်ပြမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှာ တစ်နာရီ မိုင် ၆၀၀ ကျော်နှုန်း ပြေးနိုင်တဲ့ ကား စုစုပေါင်း ၇ စင်းပဲ ရှိတာ ဖြစ်ပါတယ်။ 

Photo: topgear

တစ်ခုရှိတာက ၁၉၉၇ ခုနှစ်က Bloodhound ယာဉ်မောင်း အန်ဒီဂရင်း တင်ခဲ့တဲ့ သမိုင်းတစ်လျှောက်အမြန်ဆုံး စံချိန်တင် Speed ဖြစ်တဲ့ တစ်နာရီ ၇၆၃ မိုင် စံချိန်ကို ချိုးဖို့တော့ လိုနေဦးမှာ ဖြစ်ပါတယ်။ Bloodhound အနေနဲ့ Rolls-Royce EJ200 ဂျက်အင်ဂျင်တစ်လုံးနဲ့ မောင်းနှင်အားနဲ့ပဲ ပြေးခဲ့တာ ဖြစ်ပါတယ်။ ကားဒီဇိုင်းမှာ နောက်ထပ် ဒုံးပျံမော်တာတစ်လုံးပါ တပ်ဆင်နိုင်မှာပါ။တကယ်လို့ နောက်နှစ်ထဲ Rocket မော်တာတစ်လုံးပါ တပ်ဆင်လိုက်မယ်ဆိုရင် မြားပုံစံကားအင်ဂျင်ဟာ လက်ရှိ ကမ္ဘာ့စံချိန် တစ်နာရီ ၇၆၃ မိုင် (တစ်နာရီ ၁၂၂၈ ကီလိုမီတာ) ကို ကျော်ဖြတ်နိုင်ဖို့ ရှိပါတယ်။ 

"လာမယ့်လအနည်ငယ်အတွင်းမှာ ၂၀၂၂ ခုနှစ် စံချိန်သစ် တင်နိုင်ရေး အဆင်သင့်ဖြစ်ဖို့အတွက် အလုပ်တွေ ပြန်စဖို့ လိုနေပြီ ဖြစ်ပါတယ်။ "လို့ Bloodhound ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ယော့ခ်ရှိုင်းယားနယ်သား ဝါးဟာ့စ်ကတော့ Bloodhound ကို တစ်နာရီ မိုင် ၈၀၀ နှုန်းနဲ့ မောင်းနိုင်ဖို့အတွက် ကုန်ကျစရိတ် ဗြိတိန်ပေါင် ၈ သန်း (ဒေါ်လာ ၁၀.၉ သန်းကျော်) ကုန်မယ်လို့ ခန့်မှန်းထားပါတယ်။ ကားအနေနဲ့ တစ်နာရီ မိုင် ၁၀၀၀ နှုန်းအထိ အရှိန်တင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Bloodhound ပရောဂျက်ဟာ ၂၀၀၈ ခုနှစ်က စီးပွားပျက်လုနီးပါး ကြုံခဲ့ဖူးပြီးနောက် ရောင်းချခဲ့ပါတယ်။

Photo: autocar

ဝါးဟာ့စ်ရဲ့ ကုမ္ပဏီ Grafton LSR ဟာ Bloodhound ကားပရောဂျက်ကို ဝယ်ခဲ့ပြီးနောက် ၂၀၁၉ မှာ ကားမြန်နှုန်းစမ်းသပ်မှု လုပ်ဖို့အတွက် ကိုယ့်ဘာသာ ပိုက်ဆံစိုက်ထုတ်ပြီး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် တစ်နာရီမိုင် ၈၀၀ စံချိန်နှုန်းနဲ့ ကမ္ဘာ့စံချိန်တင်နိုင်ဖို့အတွက် ပိုင်ရှင်သစ်ပေါ် မူတည်သွားပြီ ဖြစ်ပါတယ်။ Bloodhound ပရောဂျက်ကို လက်ရှိမှာ SGS ဘာကလေ Green University Technical College မှာ အခြေစိုက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က