ပရိသတ်တော်တော်များများကတော့ မာရှယ်ကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ပြင်သစ်တိုက်စစ်မှူးမာရှယ်ကတော့ ဒီရာသီမှာအသင်းအတွက် လိဂ်ပွဲ ၁၆ ပွဲကစားပေးအပြီးမှာ ၂ဂိုးသာရရှိထားပြီး သူ့ထက် ပွဲကစားခွင့်နည်းပါးတဲ့ ကာဗာနီလောက်တောင် ဂိုးမသွင်းနိုင်သေးတာလည်းဖြစ်ပါတယ်။ 


အန်သိုနီမာရှယ်အနေနဲ့ ဝေဖန်ခံရမှုတွေကနေ လွတ်မြောက်မှာမဟုတ်ဘူးလို့ ရှက်ဖီးကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ မာရှယ်ဟာ မနေ့ကကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်ပွဲချိန်ပြည့်ပါဝင်ကစားပေးခွင့်ရရှိခဲ့ပေမယ့် ခြေစွမ်းမပြသနိုင်ခဲ့လို့ အပြင်းအထန်ဝေဖန်ခံနေရကာ သူ့ရဲ့စိတ်မပါလက်မပါကစားပုံကြောင့်လည်း ပိုမိုပြီးပြစ်တင်ခံနေခဲ့ရပါတယ်။ 

ဒီရာသီမှာ တစ်ပွဲတည်းသာအနိုင်ရရှိထားတဲ့ ခရစ္စဝိုင်လ်ဒါရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို ပြန်မှေးမှိန်စေခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးမာရှယ်ကတော့ ဒီရာသီမှာအသင်းအတွက် လိဂ်ပွဲ ၁၆ ပွဲကစားပေးအပြီးမှာ ၂ဂိုးသာရရှိထားပြီး သူ့ထက် ပွဲကစားခွင့်နည်းပါးတဲ့ ကာဗာနီလောက်တောင် ဂိုးမသွင်းနိုင်သေးတာလည်းဖြစ်ပါတယ်။ 

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက "တစ်သင်းလုံး ဒီညဝေဖန်ခံရမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်လည်းအပါအဝင်အပေါ့၊ မာရှယ်ကတော့ ဝေဖန်ခံနေရမှုတွေကနေ လွတ်မြောက်မယ်မထင်ဘူး၊ ကျွန်တော်တို့ ဝေဖန်ခံရသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့စွမ်းရည်ကောင်းမပြနိုင်ခဲ့လို့ပါ၊ အန်သိုနီက လေ့ကျင့်ရေးကွင်းမှာ ကြိုးစားပါတယ်"

"အဆုံးသတ်ပိုင်းသေချာဖို့နဲ့ ရွေ့လျားမှုတွေကောင်းဖို့ သူ အားထုတ်ခဲ့ပါတယ်၊ သူ ခြေစွမ်းပြန်ပြလာလာဖို့ ကျွန်တော့်စိတ်ထဲမှာ စနိုးစနောင့်ဖြစ်မနေပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ မာရှယ်ဟာ ပွဲစွမ်းဆောင်ရည်အရ အမှတ်ပေးမှုမှာ ၃ မှတ်သာရရှိခဲ့ပြီး ယူနိုက်တက်ရဲ့ အညံ့ဖျင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 



သူ့ကိုလူစားလဲလှယ်သင့်တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ဆိုးလ်ရှားကတော့ ပွဲချိန်ပြည့်အသုံးပြုခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ကာဗာနီက ချေပဂိုးရဖို့ အသက်အရွယ်နဲ့မလိုက်ဖက်အောင် အားထုတ်နေခဲ့ပေမယ့် မာရှယ်ကတော့ အေးအေးဆေးဆေးသာ လမ်းလျှောက်ကစားနေခဲ့လို့လည်း ပရိသတ်တွေက တွစ်တာကတဆင့် ဝေဖန်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ 

Share

က္က