ဂိုးမရှိသရေကျခဲ့တာပါ။

တူချယ်အတွက် တစ်ရက်နှစ်ရက်အတွင်းအသင်းကို တာဝန်ယူပြီး ကစားရတဲ့ပွဲမှာ သရေကျခဲ့ပေမယ့် အသင်းရဲ့ ကစားပုံကိုတော့ အကောင်းဆုံး ပုံဖော်ခဲ့နိုင်ကာ ဘောလုံးပိုင်ဆိုင်မှု ၇၈.၉ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင် ပြနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြသစ် တူချယ်အတွက် အဖွင့်ပွဲ သရေရလဒ်ဟာ စိတ်ကျေနပ်စရာ ရလဒ်တစ်ခု မဟုတ်ပေမယ့် လည်း ရက်အနည်းငယ်သာ တာဝန်ယူထားရသေးတဲ့သူအတွက် ဖြေသာနိုင်ပါတယ်။



အလားတူး နည်းပြ တူချယ်ကိုယ်တိုင်ကလည်း အသင်းရဲ့ ရလဒ်ကို အဓိက မထားပဲ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဖြစ်တည်လာမယ့် ကောင်းတဲ့အရာတွေ မြင်နေရတယ်လို့ ပြောခဲ့ပါသေးတယ်။

ဝုလ်နဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် လူပေးကစားမှု ၄၃၃ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ အသင်း သမိုင်းမှာ ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်း အများဆုံးလည်း ဖြစ်လာပါတယ်။

တူချယ်ရဲ့ နည်းပြဘဝမှာလည်း သူကိုင်တွယ်ခဲ့ဖူးတဲ့ ဒေါ့မွန်အသင်းနှင့်အတူ ၂၀၁၆ မေတုန်းက ကိုလုံးနဲ့ ကစားခဲ့ စဥ် ပထမပိုင်းမှာ ဘောလုံးပေးပို့မှု ၅၀၃ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ ဒုတိယမြောက် အများဆုံးလည်း ဖြစ်ပါ တယ်။

ဒါကို အခြေခံခြင်းအားဖြင့် တူချယ်ဟာ ချဲလ်ဆီးကို မတူညီတဲ့ ကစားပုံတစ်ခုကို ယူဆောင်ပေးလာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပြီး မကြာခင်မှာ အသွင်သစ်နဲ့ ချဲလ်ဆီးကို မြင်တွေ့ရဖို့ ရှိနေပါပြီ။

ပွဲအပြီးမှာတော့ ချဲလ်ဆီးရဲ့ ဘောလုံးပေးပို့မှု စုစုပေါင်းဟာ ၈၂၀ကြိမ်အထိရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုဟာလည်း ၇၈. ၉ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။

သို့သော် သရေကျလိုက်တဲ့အတွက် ချဲလ်ဆီးအသင်းဟာ ပွဲ ၂၀ ကစားအပြီး ရမှတ် ၃၀နှင့်အတူ အဆင့် ၈မှာ ရပ် တည်နေပါတယ်။

အဆင့် ၄နေရာက ဝက်စ်ဟမ်းနဲ့ ၅မှတ်လျော့နည်းနေပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ဘန်လေအသင်းနဲ့ကစားရ ဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က