ဇန်နဝါရီလ ၁ ရက်နေ့မှာဖွင့်တဲ့ ထီဖွင့်ပွဲမှာလည်း ငွေကျပ် သန်း ၂၅၀ ထပ်တိုးချီးမြှင့်ပေးခဲ့ပါတယ်။

၂၄ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ ထီဖွင့်ပွဲမှာ ပုံမှန်ချီးမြင့်နေတဲ့ ထီဆုတွေအပြင် ငွေကျပ် သန်း ၂၅၀ တန်ဖိုးရှိ ထပ်တိုးဆုပေါင်း ၂၀၀၀ ကျော် ချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြည်တွင်း အခွန်ဦးစီးဌာန ၊အောင်ဘာလေသိန်းဆုဌာနကသိရပါတယ်။

ထီပေါက်ထားပေမယ့် သတ်မှတ်ကာလအတွင်းမှာ ဆုကြေးငွေ လာရောက်ထုတ်ယူတောင်းခံခြင်းမရှိတဲ့ ဆုမဲတွေရဲ့ ဘဏ္ဍာသိမ်းရငွေတွေထဲနေ ကျပ်သန်း ၂၅၀ ကို ဆုကြေးအဖြစ်ပြန်လည်ချီးမြင့်ခြင်းဖြစ်တယ်လို့သိရပါတယ်။

"ဘဏ္ဍာသိမ်းငွေတွေထဲကမှ ပြည်သူကို ထီဆုမဲပြန်ဖွင့်ပေးတဲ့သဘောပါ။အစိုးရက ဘဏ္ဍာသိမ်းရငွေအကုန်မယူဘူးပေါ့။"လို့ အောင်ဘာ လေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန် ကြားရေးမှူးဦးညီညီလှိုင်က ပြောပါတယ်။

ဇန်နဝါရီလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ (၂၃)ကြိမ်မြောက်အောင်ဘာလေ ထီဖွင့်ပွဲကြီးတုန်းကလည်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုငွေတွေထဲက ကျပ်သန်း (၂၅၀)ကို ထပ်တိုးချီးမြှင့်ခဲ့ပါသေးတယ်။ 

ယခုလမှာ ထပ်တိုး ချီးမြင့်မယ့် ကျပ်သန်း (၂၅၀)ကို ယခင်လကအတိုင်း စုစုပေါင်း ၂၂၂၄ ဆု ထပ်တိုးသွားမှမှာဖြစ်ပါတယ်။ ထပ်တိုးမယ့်ဆုတွေကတော့  တစ်ဆုချင်းဆုမဲအဖြစ် ကျပ် ၁၀ သိန်း (၄) ဆု၊ဝေဝေဆာဆာဆုမဲတွေအနေနဲ့က ကျပ် ၃ သိန်းက (၂၀) ဆု၊ ကျပ် ၂ သိန်းက (၂၀၀) ဆု၊ ကျပ် ၁ သိန်းက (၂၀၀၀) ဆု တို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီအုပ်ရေ (၃၄၃၆၃၅၆) အုပ်၊ ထီလက်မှတ် စောင်ရေက (၃၇၇၉၉၉၁၆) စောင် ရောင်းချခဲ့ရကြောင်း ၊ အက္ခရာက အရန်ထီအပါအဝင် စုစုပေါင်းအက္ခရာ (၄၂) လုံးရှိတယ်လို့ သိရပါတယ်။ 

 ထီလက်မှတ် ရောင်းချရတဲ့ ငွေပမာဏအနေနဲ့က ကျပ်သန်း (၃၄၃၆၃.၅၆၀) ဖြစ်ကြောင်း၊ ၆၀% ခွဲဝေချီးမြှင့်ပေးမယ့် ထီဆုငွေက ကျပ်သန်း (၂၀၆၁၈.၁၃၆) ဖြစ်တယ်လို့သိရပါတယ်။

လစဉ် ပုံမှန်ချီးမြင့်နေကြ ထီဆုငွေတွေကတော့ ကျပ်သိန်းတစ်သောင်းငါးထောင် (၁) ဆု ၊ကျပ်သိန်းတစ်သောင်း(၁) ဆု ၊ကျပ်သိန်းငါးထောင်(၂) ဆု ၊ ကျပ်သိန်းနှစ်ထောင်(၄) ဆု ၊ကျပ်သိန်းတစ်ထောင်(၈) ဆု၊ကျပ်သိန်းငါးရာ(၂၃) ဆု ၊ ကျပ်သိန်းနှစ်ရာ (၂၃) ဆု ၊ကျပ်သိန်းတစ်ရာ(၂၄) ဆု၊ကျပ်သိန်းငါးဆယ်(၂၅) ဆု ၊ ကျပ်သိန်းနှစ်ဆယ်(၂၇) ဆု ၊

ကျပ်ဆယ်သိန်း(၂၉) ဆု၊ကျပ် သုံးသိန်း (၂၀၀) ဆု၊ကျပ် နှစ်သိန်း(၂၀၀၀) ဆု၊ကျပ် တစ်သိန်း(၂၀၀၀၀) ဆု၊ကျပ် ငါးသောင်း(၂၂၀၀၀၀) ဆုရှိတယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က