သူ့ရဲ့ ပရဟိတ စိတ်ဓာတ်ကို ပြောပြလာပါတယ်။

မင်းသွေးခန့်ကတော့ သူ့ရဲ့ အနုပညာကြေးတိုင်းကို လုံခြုံရေး လုပ်သားတွေ အပြင် လမ်းဘေးဈေးသည် လေးတွေကို လှူတာ များတယ်လို့ ဆိုပါတယ်။ 

Photo: Min Thway Khant



မင်းသွေးခန့်ဟာ ပရဟိတနဲ့ ပတ်သက်ပြီး ပရိသတ် သိအောင် ပြောပြလေ့မရှိပေမယ့် သူ့ရဲ့ အနုပညာကြေးတွေကို ဘာတွေ သုံးသလဲလို့ သိချင်တဲ့ ပရိသတ်တွေ အတွက် Duwun ကနေ အခုလို မျှဝေပေးခဲ့ပါတယ်။ 

“ ကျွန်တော်က အနုပညာကြေးရတိုင်း သပ်သပ်ကြီး သွားလှူတာမျိုးတွေတော့ မရှိဘူး။ လုံခြုံရေး လုပ်သားတွေ ဖြစ်ဖြစ်၊ လမ်းဘေးမှာ ပန်းရောင်းနေတဲ့ ကလေးတွေ ဖြစ်ဖြစ် ကြုံရင် ကြုံသလို မုန့်ဖိုးပေးတာမျိုးတွေတော့ လုပ်ဖြစ်တယ်။ ကိုယ့်အမျိုးတွေထဲက ညီလေးတွေ၊ ညီမလေးတွေကို မုန့်ဖိုး ပေးတာမျိုးလည်း လုပ်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရပ်တည်မှုက အခုထက်ပိုပြီး အဆင်ပြေလာခဲ့ရင် ပိုပြီးတော့ လှူချင် တန်းချင်စိတ်က ပိုဖြစ်တယ်။ ပရဟိတလုပ်တယ်ဆိုတာ ရေရှည်လုပ်တာ ပိုကောင်းတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အားတဲ့ အချိန်တွေတိုင်း ပရဟိတအလုပ်တွေ လုပ်သွားချင်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: E

သူ့ အနေနဲ့ အလှူအတန်းတွေ လုပ်တိုင်း အဖွဲ့အစည်းတွေနဲ့ သိပ် လုပ်လေ့လုပ်ထ မရှိဘူးလို့ မင်းသွေးခန့်က ဆိုပါတယ်။ 

“ ကျွန်တော်က အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီး အလှူတွေ မလုပ်ဖူးဘူး။ ပြီးတော့ ကျွန်တော်ဆိုရင် ကြော်ငြာရိုက်ပြီးရင်အဝတ်အစားက ထပ်ဝတ်ဖို့ အဆင်မပြေဘူး။ တစ်ခါလောက်ပဲ ဝတ်လိုက်ရတာတွေရှိတယ်။ ကိုယ်တိုင်က အပြင်မှာ စွပ်ကျယ်အဖြူလောက်ပဲ ဝတ်ပြီးနေတဲ့သူဖြစ်တဲ့အတွက် အကောင်းစား အင်္ကျီတွေလည်း သိပ်မရှိပါဘူး။ ဒါကြောင့် ကျွန်တော် ကြော်ငြာရိုက်ပြီးလို့ ဝတ်ထားတဲ့ အဝတ်အစားတွေကို ပုံးတွေနဲ့ လှူဖို့ စီစဉ်ထားတယ်။ အဝတ်အစားတွေလည်း စုနေတုန်းပဲ။ အဆင်ပြေရင် ငွေကြေးလေးပါ လှူချင်သေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Min Thway Khant

မင်းသွေးခန့်ကိုတော့ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် " စေနိုင်သူ" ဆိုတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က