ကိုဗစ်ကာလမှာ သီချင်းအသစ်လေးတွေ လုပ်နေတဲ့အကြောင်း ပြောပြလာပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ နားထားရတဲ့အချိန်မှာ သီချင်းအသစ်လေးတွေ ထွက်လာဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ 

Photo: Chan Myae Mg Cho



ချမ်းမြေ့မောင်ချိုကတော့ ပရိသတ်တွေ နားထောင်ဖူးနေကြ သီချင်းပုံစံတွေနဲ့ မတူအောင် အသစ်အဆန်းလေးတွေ ဖန်တီးထားတယ်လို့ ပြောပါတယ်။ သူမကိုယ်တိုင် စိတ်တိုင်းကျလုပ်နေတဲ့ သီချင်းတွေ ဖြစ်တာကြောင့် ပရိသတ်အားပေးမှုကိုလည်း မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ 

“ မောင်ချို ဒီ ကာလမှာ သီချင်းအသစ်တွေ အများကြီးလုပ်နေတယ်။ အရင်က Album နဲ့ လုံးဝ မတူတဲ့ ပုံစံမျိုးလည်းဖြစ်တယ်။ အသစ်လေးတွေ ပြောင်းထားတာ ဆိုတော့ ပရိသတ်လည်း ကြိုက်မယ်လို့ မျှော်လင့်တယ်။ အရင်တုန်းကကျတော့ အလုပ်က မအားတာတစ်မျိုး၊ ရတဲ့သီချင်းကို Album ထဲ ထည့်လိုက်ရတာဆိုတော့ သေချာမစဉ်းစားလိုက်ရဘူး။ အခုက ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ သီချင်းတွေကို အေးအေးဆေးဆေး စဉ်းစားပြီးတော့ လုပ်ထားတာဖြစ်တဲ့အတွက် သီချင်း အကုန်လုံးက မောင်ချို့ အကြိုက်တွေချည်းပဲလို့ ပြောလို့ရတယ်။ နောင်တ မရဘူး။ မောင်ချို မျှော်လင့်ထားသလို ဖြစ်လာမလား ဆိုတာလည်း မသိသေးပါဘူး” ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီးပြောခဲ့တာပါ။ 

Photo: Chan Myae Mg Cho

မကြာခင်မှာလည်း " Falling" ဆိုတဲ့ သူမရဲ့ Music Video လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးတော့မယ်လို့ ဆိုပါတယ်။ အမြဲတမ်း ယောက်ျားဆန်ဆန်နေတတ်တဲ့ သူမဟာ ဒီ Music Video လေးထဲမှာတော့ မိန်းကလေး ဆန်ဆန် သရုပ်ဆောင်ထားတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ Music Video ထွက်ဖို့အတွက် ကိုယ်တိုင်က တော်တော်လေးကို စိတ်လှုပ်ရှားနေရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Falling ဆိုတဲ့ Music Video ကို မောင်ချိုကိုယ်တိုင် ပထမဆုံး စီစဉ်ရတဲ့ အရာလေး ဖြစ်လို့ အရမ်း ရင်ခုန်နေရတယ်။ ကိုယ့်ရဲ့ လုပ်အားလေး အတွက် စိတ်လှုပ်ရှားတာပေါ့။ မိန်းကလေး ဆန်ဆန် လုပ်ထားတဲ့ သီချင်းလေးဆိုတော့ ရသ တစ်မျိုးလေး ရမယ်လို့ မျှော်လင့်ပါတယ်။ဒီ Music Video ရိုက်ဖို့အတွက် မေမေ တို့က ဘာမှ မပြောဘူး။ မောင်ချို့ စိတ်ကြိုက် လုပ်ခွင့်ပေးတဲ့ အတွက် ကိုယ်ကြိုက်သလို ကိုယ်ဖန်တီးခွင့်ရတာပေ့ါနော်” လို့ သူက ဆိုပါတယ်။ 

Photo: Chan Myae Mg Cho

ချမ်းမြေ့မောင်ချိုဟာ Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲ ပြီးတဲ့နောက်မှာတော့ “ အိပ်မက်” ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ သူမရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ " ELEVEN” သီချင်းအခွေ ထွက်ရှိခဲ့တာပါ။ ဂီတလှုပ်ရှားမှုတွေ အဖြစ် " အငွေ့အသက်များ" ၊ " အိမ်ပြန်ချိန်" ၊ “Falling” စတဲ့ သီချင်း အသစ်လေးတွေလည်း ထွက်ရှိထားပါသေးတယ်။ လက်ရှိမှာတော့ သူမဟာ Shwe FM (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲကြီးကနေ ချီးမြှင့်လိုက်တဲ့ " ပရိသတ်တောင်းဆုမှု အများဆုံး အမျိုးသမီးဆုရှင်" အဖြစ် ဆုရရှိခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က