ဒဏ်ရာမှတ်တမ်းထဲမှာတော့ ထူးခြားတဲ့ ဒဏ်ရာရရှိမှု ဖြစ်လာပါတယ်။

အခုလိုမျိုး ပြိုင်ပွဲတစ်ပွဲတည်းမှာ ခြေကျင်းဝတ်ဒဏ်ရာ နှစ်ဖက်စလုံး ရရှိခဲ့တာကတော့ ဒဏ်ရာမှတ်တမ်းတွေထဲ မှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူးကို အိမ်ကွင်းမျာ ၁-၃နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာခြေကျင်း ဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။



ထူးခြားတာက ပုံမှန်ဆိုရင် ကစားသမားတွေဟာ ခြေကျင်းဝတ်ဒဏ်ရာ တစ်ဖက် ရလိုက်တာနဲ့ ဘောလုံး ဆက် ကစားနိုင်ခြင်း မရှိတော့ပဲ လူစားလဲမှု ပြုလုပ်လေ့ရှိတာကြောင့် ဒဏ်ရာရတဲ့ ကစားသမားဟာ ဒဏ်ရာတစ်ခုသာ ရပါတယ်။

အခုပွဲမှာတော့ ဟယ်ရီဟာ ပွဲချိန် ၁၃မိနစ်မှာ ပြိုင်ဖက် ကစားသမား သီယာဂိုလ်ရဲ့ ဖျက်ထုတ်မှုကြောင့် ညာဖက် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာကို ဆေးကုပြီး အဓိက ကစားသမားတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်ပီပီ အခုလို ခက်ခဲတဲ့ ပြိုင် ဖက်နဲ့ တွေ့ဆုံစဥ် ဆက်လက်ပြီးတော့ ကစားပေးခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ကံဆိုးစွာပဲ နောက်ထပ်တစ်ဖန် ဟန်ဒါဆင်ရဲ့ ဖျက်ထုတ်မှုမှာတော့ ဘယ်ဖက် ခြေကျင်းဝတ်ပါ ထပ်မံ ဒဏ်ရာရသွားခဲ့တာပါ။

ဒါကြောင့် ဒဏ်ရာ နှစ်ဖက်စလုံးရသွားချိန်မှာတော့ ဘယ်လိုမှ အသင်းအတွက် ပေးဆပ် ကစားနိုင်ခြင်းမရှိတော့ပဲ လာမယ်လာနဲ့ လူစားလဲခြင်းကို ခံခဲ့ရတာပါ။

“ဒုတိယဖြစ်တဲ့ ဘယ်ဖက်က ပထမထိခိုက်ခဲ့တဲ့ ညာဖက်ထက် ပိုဆိုးပါတယ်။ပထမတစ်ကြိမ်တုန်းက အံတုနိုင် ပေမယ့် ဒုတိယတစ်ကြိမ်တော့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။”လို့ မော်ရင်ဟိုက သုံးသပ်ပြောခဲ့ပါတယ်။

ကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာကို မကြာသေးခင်က ဘောလုံးရာသီတွေမှာလည်း မကြာခဏဆိုသလို ခံစားရလေ့ ရှိပြီး ပွဲအချို့ နားခဲ့ရသူပါ။

အခုလိုမျိုး ပြိုင်ပွဲတစ်ပွဲတည်းမှာ ခြေကျင်းဝတ်ဒဏ်ရာ နှစ်ဖက်စလုံး ရရှိခဲ့တာကတော့ ဒဏ်ရာမှတ်တမ်းတွေထဲ မှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီတုန်းကလည်း ဒုတိယအကျော့လောက်မှာ ခြေကျင်းဝတ်အရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် ၇ပွဲလောက် လွဲချော်ခဲ့ရဖူးပြီး ၂၀၁၉ ဧပြီမှာတော့ ၉ပွဲထိ ထပ်မံ နားခဲ့ရဖူးပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီတုန်းကလည်း အလားတူ ခြေကျင်းဝတ်ဒဏ်ရာကြောင့်ပင် တစ်လခန့် နားခဲ့ရဖူးသလို ၂၀၁၆-၁၇တုန်းကလည်း ၄ပတ်ကနေ ၆ပတ်အထိ နားခဲ့ရဖူးပါတယ်။

“သူ့ရဲ့ ပံ့ပိုးမှုတွေ၊ဘောလုံးပေးပို့မှုတွေ၊သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ အားလုံး ဒဏ်ရာနဲ့အတူ ပါသွားနိုင်ပါတယ်။ဒါ ကြောင့် ဒီလိုခြေကျင်းဝတ်ဒဏ်ရာရပြီဆိုရင် ကစားသမားတစ်ယောက်ဟာ အချိန်အကြာကြီး ပြန်ကြိုးစား လေ့ ကျင့်ယူရတတ်ပါတယ်။”လို့ စပါးနောက်ခံလူ စတီဖင် ကယ်လီက သုံးသပ်ပြောခဲ့ပါသေးတယ်။

စပါးအသင်းကတော့ ကိန်းနှင့်အတူ ရလဒ်ပါ ဆုံးရှုံးပြီး အဆင့် ၆မှာ ရပ်တည်နေရပါတယ်။လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့မှာတော့ ဘရိုက်တန်အသင်းနဲ့ ကစားဖို့ရှိပြီး အဲ့နောက် လန်ဒန်ဒါဘီအဖြစ် ချဲလ်ဆီးအသင်းနဲ့ ဆက်လက် ကစားရပါမယ်။

Share

က္က