ဒီနေ့ညမှာ ရင်ဆိုင်ကစားကြရမှာဖြစပါတယ်။

VAR ကြောင့် အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းပွဲစဉ်ဟာ အရင်ကလို အကြိတ်အနယ်ရှိမှုမျိုး လျော့ပါးသွားခဲ့တယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းလဲခဲ့ချိန်ကစပြီး ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းတွေဖြစ်ခဲ့ပြီး ဒီနှစ်သင်းတွေ့ဆုံတိုင်းမှာလည်း တော်တော်လေးကို အကြိတ်အနယ်ရှိကာ ပြင်းထန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီနောက်ပိုင်းနှစ်တွေမှာတော့ ဒီနှစ်သင်းရင်ဆိုင်တွေ့တိုင်း သာမန်ပွဲတစ်ပွဲအသွင်မှာသာရှိလာခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန် နဲ့ အာစင်ဝင်းဂါးတို့လက်ထက်ကလို နှစ်ဖက်ကစားသမားတွေကြား တင်းမာမှုတွေ၊ ရန်ငြိုးတွေ၊ အနိုင်မခံစတမ်းကစားမှုမျိုးတွေ ပျောက်ကွယ်လာခဲ့ပြီး အာတီတာကတော့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်ကစားသမားဘဝမှာ ယူနိုက်တက်နဲ့ အကြိမ်ပေါင်းများစွာရင်ဆိုင်ခဲ့ဖူးတဲ့ အာတီတာက "ဒီလိုတွေဖြစ်ကုန်တာက အာဆင်နယ်နဲ့ ယူနိုက်တက်ပွဲစဉ်ပဲမဟုတ်ပါဘူး၊ အရင်က ကြည့်ရှုခဲ့ဖူးတဲ့ ဒါဘီပွဲစဉ်တွေက အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး၊ ကစားပွဲတွေက ပြောင်းလဲနေပါတယ်၊ ကျွန်တော်တို့က ကစားသမားတွေကို မတူညီတဲ့နည်းလမ်းနဲ့ သင်ကြားပေးနေပြီး သူတို့လုပ်ခဲ့ဖူးတဲ့အရာတချို့ကို ကျွန်တော်တို့ ခွင့်မပြုတော့ပါဘူး"

"VAR ကလည်း ထိုနည်းလည်းကောင်းပါပဲ၊ ပိုပြီးတော့ ထိန်းချုပ်ခံထားရသလို စောင့်ကြည့်ခံနေရတာလည်းဖြစ်ပါတယ်၊ ဒီအတွက်ကြောင့် ကစားသမားတွေရဲ့ အမူအကျင့်တွေ၊ အမူအရာတွေက ပြောင်းလဲသွားကြပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ကြောင်း Goal.com က ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကတော့ ဒီနေ့ည ၁၂ နာရီမှာ ကစားသွားရမှာဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ နောက်ဆုံးလေးပွဲဆက်တိုက် ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရာမှာ ရှုံးနိမ့်ထားခြင်းမရှိခဲ့ပါဘူး။ ပထမအကျော့ကလည်း အိုးထရက်ဖို့ဒ်မှာ အူဘာမီယန်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ 

Share

က္က