ပေါင် ၂ သန်းနဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

မာဆေးလ်နောက်ခံလူ ကယ်လ်အီတာကို ခေါ်ယူဖို့လည်း လီဗာပူးလ်က ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပေမယ့် ပြင်သစ်ကလပ်ဘက်က ပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိခဲ့လို့ မဖြစ်မြောက်ခဲ့ကြောင်း သိရပါတယ်။ 


ဗဟိုခံစစ်ပိုင်းပြသနာတွေရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းခင်မှာ ကစားသမားသစ်ခေါ်ယူအဖြစ် ပရက်စတန်နောက်ခံလူ ဘင်ဒေးဗီးစ်ကို ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။ ဒီကစားသမားအတွက် ပေါင် ၂သန်း ပေးချေခဲ့ရတယ်လို့သိရပြီး ဗန်ဒိုက်၊ ဂိုမက်ဇ် နဲ့ မာတစ်တို့ ဒဏ်ရာရရှိနေချိန်မှာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

နောက်ခံလူသစ်ခေါ်ယူမယ်လို့ လီဗာပူးလ်နည်းပြကလော့ပ်က ပြောဆိုပြီးမကြာခင်မှာပဲ ကစားသမားသစ်ခေါ်ယူမှုပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ မာဆေးလ်နောက်ခံလူ ကယ်လ်အီတာကို ခေါ်ယူဖို့လည်း လီဗာပူးလ်က ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပေမယ့် ပြင်သစ်ကလပ်ဘက်က ပြောင်းရွှေ့ကြေးသဘောတူညီမှုမရရှိခဲ့လို့ မဖြစ်မြောက်ခဲ့ကြောင်း သိရပါတယ်။ 

အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လီဗာပူးလ်က လူငယ်ကစားသမား ဗန်ဒန်ဘာ့ဂျ်ကို အငှားနဲ့ပြန်လည်စေလွှတ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ အင်္ဂလန်နောက်ခံလူဒေးဗီးစ်ဟာ အသက် ၂၅ နှစ်အရွယ်သာရှိသေးပြိး ယော့ခ်စီးတီး၊ ထရမ်းမဲလ်၊ ဆောက်ပို့တ်၊ နယူးပို့တ်ကောင်တီနဲ့ ဖလက်ဝုဒ်တောင်းအသင်းတွေမှာ အငှားနဲ့သွားကစားဖူးသူလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ပရက်စတန်အတွက် ချန်ပီယံရှစ်ပွဲ ၁၈ ပွဲအထိ ပါဝင်ကစားပေးထားပြီး အဓိကကစားသမားတစ်ဦးအဖြစ်နဲ့ ရပ်တည်နေသူလည်းဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ မနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝက်စ်ဟမ်းကို ၁-၃ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ကာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။ 

Share

က္က