ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှာ တွေ့ရှိလာရတဲ့ ဗိုင်းရပ်စ်အသစ်တွေက ပိုမိုကူးစက်ပျံ့နှံ့နိုင်ပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝန်းမှာ COVID-19 ရောဂါြဖစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ၄,၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး Pfizer Inc. နဲ့ AstraZeneca Plc အပါအဝင် ကာကွယ်ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ ကာကွယ်ဆေးများ တိုးတက်ကောင်းမွန်ရေး ကြိုးစားရန်ဖြစ်လာတယ်လို့ ဗြိတိန်ဝန်ကြီးတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ်များ ထောင်နဲ့ချီရှိလာခဲ့ရာ ဗြိတိန်၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှာ တွေ့ရှိလာရတဲ့ ဗိုင်းရပ်စ်အသစ်တွေက ပိုမိုကူးစက်ပျံ့နှံ့နိုင်ပါတယ်။ "Pfizer-BioNTech, Moderna, Oxford-AstraZeneca နဲ့ အခြား ကုမ္ပဏီတွေအပါအဝင် ကာကွယ်ဆေးထုတ်တဲ့ကုမ္ပဏီ အားလုံးက သူတို့ရဲ့ ကာကွယ်ဆေးတွေကို မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်အတွက် အသင့်ဖြစ်စေဖို့ ဘယ်လို မွမ်းမံပြင်ဆင်နိုင်မလဲဆိုတာ ရှာဖွေကြံဆနေကြပါတယ်၊ အခုအချိန်မှာ ကမ္ဘာတစ်ဝန်း ဗျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်က ၄,၀၀၀ ဝန်းကျင်လောက်ရှိနေပြီ" လို့ ကာကွယ်ဆေးဆိုင်ရာဝန်ကြီး Nadhim Zahawi က Sky News ကို ပြောခဲ့ပါတယ်။



(Photo: AP)

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေ ထောင်နဲ့ချီရှိလာစဥ်မှာ အလွန်နည်းပါးတဲ့ ဗိုင်းရပ်စ်အသစ်တွေကသာ မူလဗိုင်းရပ်စ်ထက် ပိုမိုကူးစက်နိုင်မှုအပါအဝင် သိသာတဲ့ပြောင်းလဲမှုတွေ ဖြစ်လာတတ်ကြောင်း British Medical Journal က ဆိုပါတယ်။ ဗြိတိန်မှာတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ပိုမိုကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ COVID-19 အတည်ပြုလူနာဦးရေဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း ၁၀၅ သန်းကျော်ပြီဖြစ်ပြီး သေဆုံးသူ ၂.၂၈ သန်းရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကို သိရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က ယခုအခါ ဝူဟန်မြို့မှာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က