ထရန့်ဟာ လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းတိုက်ခိုက်ခဲ့မှုကို လှုံ့ဆော်ခဲ့ကြောင်းစွဲချက်ဖြင့်

လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းတိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး လှုံ့ဆော်ခဲ့မှုစွဲချက်ဖြင့် သမ္မတဟောင်းဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်ရန် ကြားနာစစ်ဆေးမှု ဆက်လက်လုပ်ဆောင်မယ်လို့ အမေရိကန်အထက်လွှတ်တော် (Senate) က ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

(Photo: AP)

ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အဆောက်အအုံမှာ ဆူပူအုံကြွ စီးနင်းတိုက်ခိုက်မှု မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေကို ကြည့်ရှုသုံးသပ်ပြီးနောက် ထရန့်ကို စွပ်စွဲပြစ်တင်ရန် ကြားနာစစ်ဆေးမှုဟာ အခြေခံဥပဒေနဲ့မညီကြောင်း ပြောဆိုမှုတွေကို အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။



ထရန့်ကို စွဲချက်တင်ထားမှုနဲ့ ပတ်သက်တဲ့ ကြားနာစစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရန် အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၄၄ မဲဖြင့် ဆုံးဖြတ်အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အထက်လွှတ်တော်က ထိုသို့ ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဟာ သမိုင်းမှတ်တမ်းဝင် ပထမဆုံးအကြိမ်ဖြစ်လာကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

ထရန့်ရဲ့ရှေ့နေတွေဘက်က အိမ်ဖြူတော်ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ သမ္မတတစ်ဦးကို စွပ်စွဲပြစ်တင်ရန် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုဟာ အခြေခံဥပဒေနဲ့မညီကြောင်း ပြောဆိုခဲ့ကြပေမဲ့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီမိုကရက်တွေက ယခုကြားနာစစ်ဆေးမှုက ထရန့်ကို နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲမဝင်စေရေး ပိတ်ပင်ရန်မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ကွန်ဂရက်လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်စဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံမှာ ဆူပူအုံကြွပြီး စီးနင်းနှောင့်ယှက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က