ကွန်ဂရက်လွှတ်တော်က မေးမြန်းကြားနာမှုမှာ ပင်တဂွန်မှ ဗိုလ်ချုပ်တစ်ဦးက ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်များအတွင်း COVID-19 ကူးစက်မှုတွေ သိသိသာသာ တွေ့နေရပေမဲ့ အမေရိကန်စစ်တပ်ရဲ့ သုံးပုံတစ်ပုံခန့်က ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတွေက ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မှာ ပြောပါတယ်။

(Photo: AP)

ကွန်ဂရက်လွှတ်တော်က မေးမြန်းကြားနာမှုမှာ ဗိုလ်ချုပ်ဂျက်ဖ်တာလီယာဖာရိုက အမေရိကန်တပ်ဖွဲ့ဝင်တွေကြား COVID-19 ကာကွယ်ဆေးထိုးရန် ငြင်းဆန်မှုနှုန်း မြင့်မားနေကြောင်းကို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက COVID-19 ကာကွယ်ဆေးထိုးမှုကို မလုပ်မနေအရအဖြစ် သတ်မှတ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။



COVID-19 ကာကွယ်ဆေးကို FDA က အရေးပေါ်သုံးအဖြစ် ခွင့်ပြုထားပြီး အပြည့်အဝ ခွင့်ပြုချက်မပေးရသေးတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက မဖြစ်မနေထိုးရန် မသတ်မှတ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်စစ်တပ်ရဲ့ သုံးပုံနှစ်ပုံက ကာကွယ်ဆေးထိုးရန် လက်ခံကြောင်းနဲ့ ယခု ကိန်းဂဏန်းဟာ အလွန်စောတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ ဗိုလ်ချုပ်က အလေးအနက် ပြောခဲ့ပါတယ်။

(Photo: U.S. Army National Guard/Spc. Simone Lara)

ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသား ဂျွန်းကာဘီရဲ့ အဆိုအရ စစ်တပ်တွင်း ကာကွယ်ဆေးထိုးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များမရှိကြောင်း၊ သို့သော် တပ်ဖွဲ့ဝင် ၉၁၆,၅၀၀ ကျော် ကာကွယ်ဆေးထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယခုသီတင်းပတ်ကုန်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၁ သန်းကျော်ကို COVID-19 ကာကွယ်ဆေးထိုးပြီး ဖြစ်မယ်လို့လည်း ၎င်းကပြောပါတယ်။ 

Share

Loading Next Article...
က္က