ဘယ်အဖွဲ့အစည်းက ပြန်ဖွင့်ပေးလိုက်တယ်ဆိုတာ သက်ဆိုင်ရာ အဆင့်ဆင့်တာဝန်ရှိသူတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်စုံစမ်းပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်ပတ်ခွင့်ယာယီပိတ်ထားရတဲ့ မန္တလေးမြို့ကကမ္ဘာကျော်ဦးပိန်တံတားကြီးကို ဒီကနေ့မနက်ပိုင်းမှာ အကာအရံတွေဖယ်ရှားထားပြီး ဖွင့်လျက်အနေအထားနဲ့ မြင်တွေ့ခဲ့ရပါတယ်။

ဘယ်အဖွဲ့အစည်းကပြန်ဖွင့်ပေးလိုက်တယ်ဆိုတာနဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာအဆင့်ဆင့်တာဝန်ရှိသူတွေဆီ တယ်လီဖုန်းနဲ့ဆက်သွယ်စုံစမ်းပေမယ့်လည်း ဆက်သွယ်လို့မရပါဘူး။



အမရပူရမြို့ခံတစ်ဦးကတော့ ဒီကနေ့မနက်အစောပိုင်းလောက်က သံဃာတော်ငါးပါးခန့်က တံတားအဝင်ပေါက်ကသံဆူးကြိုးအကာအရံတွေကို လာရောက်ဖယ်ရှားတာတွေ့လိုက်ရတယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ တံတားပေါ်တက်ရောက်လည်ပတ်သူမရှိသေးဘူးလို့လည်း ၎င်းကပြောပါတယ်။

မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းဇောင်းက သမိုင်းဝင်ကမ္ဘာကျော်ဦးပိန်တံတားကြီးကို ပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားချိန် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစလို့ ယာယီပိတ်ထားတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က