လူမှုကွန်ယက်မှာ ပျံ့နှံနေတဲ့ ဘုရားငွေ သိန်း ၇၀၀၀ ဓားမြတိုက်ခံရဆိုတာ ကောလာဟလ သတင်းအမှားသာဖြစ်တယ်လို့ ပြောပါတယ်။

ပုဂံရွှေစည်းခုံဘုရားက ဘဏ္ဍာငွေသိန်း ၇ဝဝဝကျော် ဓားပြတိုက်ခံရတယ်ဆိုတဲ့ကိစ္စမဟုတ်မှန်ကြောင်း ဘုရားဂေါပကအဖွဲ့က ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ထိန်းသိမ်းထားတဲ့ဘဏ္ဍာတော်ငွေတွေကို ခွင့်ပြုချက်ရရှိပြီးဖြစ်တဲ့ ဆောင်ငွေ ၅ သိန်းကျပ်မှ လွဲပြီး ကျန်ရှိ ငွေကြေးတွေကို မြန်မာ့စီးပွားရေးဘဏ်မှာသာ အပ်နှံထားခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြရေးသားထားပါတယ်။ "အခု သိန်း ၇၀၀၀ ဓားပြတိုက်ခံရတယ် ဘာညာဆိုပြီး လူမှုကွန်ယက်မှာပျံ့နေတော့ ဟိုကမေးဒီကမေးနဲ့ မေးနေကြလို့ ထုတ်ပြန်ချက်ကိုထုတ်လိုက်တာပါ။ မဟုတ်ဘူးဆိုတဲ့အကြောင်းထုတ်ပြန်စာထုတ်လိုက်တာပါ။ဘုရားငွေတွေက မြန်မာ့စီးပွားရေးဘဏ်မှာပဲအပ်ထားတယ်" လို့ ရွှေစည်းခုံဘုရားဂေယပကအဖွဲ့ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောပါတယ်။



ရွှေစည်းခုံ ဘုရား ရဲ့ ဘဏ္ဍာတော်ငွေတွေကို ဓားပြတိုက်ခံရခြင်းမရှိသလို၊လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုကို လွှဲပြောင်းထုတ်ပေးခြင်းစတဲ့ဖြစ်စဉ်တွေလည်း လုံးဝမရှိကြောင်း ၊ လူမှုကွန်ယက်မှာပျံ့နှံနေတဲ့ ဘုရားငွေ သိန်း ၇၀၀၀ ဓားမြတိုက်ခံရဆိုတာ ကောလာဟလသတင်းအမှားသာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဘုရားဘဏ္ဍာငွေတွေကို မြန်မာ့စီးပွားရေးဘဏ်မှာပဲ ငွေစာရင်းစာအုပ်ဖွင့်ပြီး အပ်ထားတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က