J&J ရဲ့ ကာကွယ်ဆေးဟာ အမေရိကန်မှာ ခွင့်ပြုချက်ရရှိတဲ့ တတိယမြောက် ကိုဗစ်ကာကွယ်ဆေး ဖြစ်လာမှာပါ။

အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး အာဏာပိုင်အဖွဲ့ရဲ့ လေ့လာသုံးသပ်မှုအရ တစ်ကြိမ်တည်းထိုးရတဲ့ Johnson & Johnson (J&J) ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး Janssen က ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း တွေ့ခဲ့ရပါတယ်။

(Photo: AP)

အမေရိကန် FDA (Food and Drug Administration) ရဲ့ ယခုတွေ့ရှိမှုက အမေရိကန်မှာ Janssen ကို ရက်ပိုင်းအတွင်း တရားဝင် ခွင့်ပြုချက်ရ တတိယမြောက် COVID-19 ကာကွယ်ဆေးတစ်မျိုး ဖြစ်လာစေရန် လမ်းပွင့်သွားခဲ့တယ်လို့ ဆိုပါတယ်။ J&J ရဲ့ ကာကွယ်ဆေးဟာ အမေရိကန်မှာ ခွင့်ပြုချက်ပေးထားပြီးဖြစ်တဲ့ Pfizer-BioNTech နဲ့ Moderna တို့ထက် ကုန်ကျစရိတ်သက်သာမှာဖြစ်ပြီး သာမန် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းနိုင်ကြောင်း သိရပါတယ်။



J&J ရဲ့ Janssen ကာကွယ်ဆေးဟာ စမ်းသပ်မှုတွေအရ COVID-19 အပြင်းအထန်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး မပြင်းထန်မှုအပါအဝင် အားလုံးမှာ ခြုံငုံကြည့်ပါက ၆၆ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ J&J ကုမ္ပဏီက ၎င်းတို့ရဲ့ ကာကွယ်ဆေး သန်း ၁၀၀ ကို အမေရိကန်အတွက် လာမယ့် ဇွန်လကုန်မှာ ပေးအပ်ရန်သဘောတူထားပါတယ်။

ထို့အတူ ဗြိတိန်၊ ဥရောပနဲ့ ကနေဒါတို့က J&J ရဲ့ ကာကွယ်ဆေးများ ကြိုတင်မှာယူထားကြောင်းနဲ့ COVAX ကာကွယ်ဆေးအစီအစဥ်ကနေလည်း ကာကွယ်‌ဆေး သန်း ၅၀၀ ကို ဆင်းရဲတဲ့နိုင်ငံတွေအတွက် ထောက်ပံ့ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးအများစုဟာ နှစ်ကြိမ်ထိုးရန်လိုအပ်တာဖြစ်ပြီး J&J ကတော့ တစ်ကြိမ်းတည်းထိုးရတဲ့ COVID-19 ကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က