သံတမန်တွေဟာ ကိုစစ်ဆေးမှုခံယူပြီးနောက် စအိုကနေ ဓာတ်ခွဲနမူနာပေးရကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ အမေရိကန်သံတမန်တွေဟာ COVID-19 စစ်ဆေးရန် စအိုကနေ ဓာတ်ခွဲနမူနာပေးရန် လိုအပ်ကြောင်းပြောဆိုမှုကို တရုတ်အစိုးရက ငြင်းဆိုလိုက်ပါတယ်။

(Photo: AFP)

သံတမန်တွေဟာ COVID-19 စစ်ဆေးမှုခံယူပြီးနောက် စအိုကနေ ဓာတ်ခွဲနမူနာပေးခဲ့ရကြောင်း ပြောဆိုခဲ့ကြတယ်လို့ အမေရိကန်မီဒီယာမှာ ဖော်ပြမှုအချို့ ရှိခဲ့ပါတယ်။ တရုတ်မြို့ကြီးအချို့မှာ COVID-19 စစ်ဆေးရန် စအိုကနေ နမူနာရယူတဲ့ လုပ်ထုံးလုပ်နည်းကို အသုံးပြုနေပြီး ထိုသို့လုပ်ဆောင်မှုက ကူးစက်ခံရသူ ရှာဖွေတွေ့ရှိနှုန်း မြင့်တက်လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တရုတ်ဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။



"တရုတ်မှာ အခြေစိုက်နေထိုင်ကြတဲ့ အမေရိကန်သံတမန်တွေ စအိုကနေ ဓာတ်ခွဲနမူနာပေးဖို့ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က ဆိုပါတယ်။ ဝန်ထမ်းအချို့က အမေရိကန်အစိုးရကို ပြောကြားမှုအရ ၎င်းတို့ကို ထိုသို့ စအိုကနေ ဓာတ်ခွဲနမူနာရယူစစ်ဆေးတဲ့ နည်းလမ်းဖြင့် COVID-19 စစ်ဆေးရန် ညွှန်ကြားခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝါရှင်တန်ပို့စ်သတင်းက ဖော်ပြခဲ့ပါတယ်။

(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian) (Photo: Reuters)

စအိုကနေ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှာ စအိုထဲသို့ ၁.၂ လက်မမှ ၂ လက်မအရှည်ရှိ ဝါဂွမ်းစပါအတံကို ထိုးထည့်ပြီး ဖြေးညှင်းစွာလှည့်ပတ်ပြီး ဓာတ်ခွဲနမူနာရယူတာ ဖြစ်ပါတယ်။ အမေရိကန်သံတမန် အရေအတွက် မည်မျှဟာ ထိုသို့နည်းလမ်းဖြင့် စစ်ဆေးခံခဲ့ရကြောင်းကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

"အမေရိကန်အစိုးရက ဒီလိုပုံစံမျိုး စစ်ဆေးခြင်းကို ဘယ်တော့မှ သဘောမတူပါဘူး၊ ဝန်ထမ်းအချို့ ဒီလိုနည်းလမ်းနဲ့ စစ်ဆေးခံရမယ်လို့ သိတဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်ရိုက်ကန့်ကွက်ခဲ့ပါတယ်" လို့ အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က Vice News ကို ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလအတွင်းမှစပြီး ဘေဂျင်းအပါအဝင် မြို့ကြီးအချို့မှာ COVID-19 စစ်ဆေးရာမှာ စအိုကနေ ဓာတ်ခွဲနမူနာ ရယူတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က