ယမန်နှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်လာပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ စီနာဘန် (Mount Sinabung) မီးတောင်ဟာ ယနေ့ (မတ် ၂ ရက်) ပေါက်ကွဲခဲ့ရာ ပြာမှုန်များ အမြင့် ၃ မိုင်ကျော်အထိ ရောက်ရှိခဲ့ကြောင်းနဲ့ ယမန်နှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်လာကြောင်း သိရပါတယ်။

(Photo: AP)

စီနာဘန်မီးတောင်ရဲ့ လှုပ်ရှားမှုဟာ ယမန်နှစ် ဩဂုတ်လကတည်းက မြင့်တက်နေခဲ့ကြောင်းနဲ့ မြောက်ပိုင်းဆူမာတြားပြည်နယ်မှာ ဒုတိယအမြင့်ဆုံး မီးတောင်သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ သေဆုံးဒဏ်ရာရမှုရှိကြောင်း သတင်းမကြားရပေမဲ့ တာဝန်ရှိသူတစ်ဦးကတော့ မီးတောင်ဝနေရာကနေ အနည်းဆုံ ၂ မိုင်နီးပါးအကွာမှာ နေကြရန် ဒေသခံတွေကို တိုက်တွန်းထားကြောင်း Volcanology and Geological Hazard Mitigation Centre က ပြောပါတယ်။



ဆိုရှယ်မီဒီယာ ဗီဒီယိုတွေအရ မီးတောင်ပေါက်ကွဲစဥ် ဒေသခံတွေကြား အနည်းငယ် ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး မီးတောင်ကနေ အဖြူရောင်ပြာမှုန်တန်းကြီးတစ်ခု အပြာရောင်ကောင်းကင်ထက်သို့ ထွက်ပေါ်လာခဲ့တာ တွေ့ရပါတယ်။ အသက်က ၂၀ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ Wira Br Sitepu ရဲ့ အဆိုအရ မီးတောင်အခြေအနေဟာ လက်ရှိမှာ ငြိမ်သက်နေပြီး ပေါက်ကွဲနေခြင်းမရှိကြောင်းနဲ့ ပြာမှုန်များထွက်ရှိမှု လျော့ကျသွားကြောင်း သိရပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်း (Pacific Ring of Fire) လို့ခေါ်ကြတဲ့ နေရာမှာတည်ရှိပြီး ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ ပုံမှန် ကြုံရလေ့ရှိပါတယ်။ အင်ဒိုနီးရှားမှာ သက်ဝင်လှုပ်ရှားမှုရှိတဲ့ မီးတောင် ၁၃၀ နီးပါးရှိပြီး ကမ္ဘာပေါ်ရှိ အခြားနိုင်ငံအားလုံးထက် ပိုများပါတယ်။ စီနာဘန်မီးတောင်ဟာ ၂၀၁၀ ခုနှစ်မှာ နောက်တစ်ကြိမ် ပေါက်ကွဲမှုမတိုင်မီ ရာစုနှစ်များကြာ လှုပ်ရှားမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က