ကဗျာတစ်ပုဒ်သင်တော့မယ်ဆိုရင် ဆရာမကိုယ်တိုင်က ဆိုပြမလား ဒါမှမဟုတ် ဗီဒီယိုလေးတွေနဲ့ စိတ်ဝင်စားအောင်ပြမလား ဘယ်လိုအရာမျိုးက ကလေးက ပိုစိတ်ဝင်စားလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

အွန်လိုင်းသင်ကြားမှုနဲ့ မရင်းနှီးသေးတဲ့ မြန်မာနိုင်ငံမှာ လေလှိုင်းစာသင်ခန်းအတွက် သီးသန့်သင်ရိုးရယ်လို့ ရှိနိုင်မှာမဟုတ်ပါဘူး။

ကျောင်းသင်ရိုးတွေနဲ့ အသားကျနေတဲ့ ဆရာမတွေ၊ ကလေးတွေအတွက် လေလှိုင်းပေါ်က စာသင်ခန်းတွေဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် မဖြစ်မနေ လေလှိုင်းထဲကနေသာစာသင်ကြားရမယ့် အခြေအနေရောက်လာပြီဆိုရင် ဆရာမရော ကျောင်းသားပါ ဘာတွေလေ့လာသင့်သလဲဆိုတာကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဘာတွေ လေ့လာပြင်ဆင်သင့်သလဲဆိုတာ Nway Oo Homeschooling အဖွဲ့ရဲ့အကြုံပြုချက်ကို ကြည့်ကြရအောင်။ 

Photo: The Japan Time

ကျောင်းသင်ရိုးတွေက လေလှိုင်းစာသင်ခန်းမှာ အသုံးဝင်ရဲ့လား

ကျောင်းသင်ခန်းစာတွေက များသောအားဖြင့် ကျောင်းခန်းနဲ့ ကျောင်းပတ်ဝန်းကျင်ကို အခြေခံတဲ့သင်ရိုးတွေဖြစ်တဲ့အတွက် လေလှိုင်းစာသင်ခန်းအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။

ဥပမာ- စာသင်ခန်းထဲမှာ ကလေးတွေကို ကျောင်းမုန့်ဈေးတန်းဆီသွားပြီး စူးစမ်းလေ့လာခိုင်းတာ၊ ကလေးအချင်းချင်း ပြန်ပြောခိုင်းတာ စသဖြင့် လက်တွေ့ကျတဲ့သင်ကြားမှုတွေကို လုပ်နိုင်ပေမယ့် လလှိုင်းစာသင်ခန်းမှာတော့ ဒီလိုလက်တွေ့သင်ကြားမှုတွေ လုပ်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။

ဒါကြောင့် သင်ကြားမယ့်ဆရာတွေအနေနဲ့ လေလှိုင်းသင်ရိုးအဖြစ် ပြောင်းလဲသင်ကြားနိုင်ဖို့ လေ့လာထားဖို့ လိုအပ်ပါတယ်။

Photo:mainichi.jp

လေလှိုင်းစာသင်ခန်းသင်ကြားနိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲ

အစိုးရသင်ရိုးကိုပဲ သင်ကြားလာတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အွန်လိုင်းသင်ကြားရေးအတွက် အခက်အခဲမျိုးစုံ ရှိနိုင်ပါတယ်။ အွန်လိုင်းသင်ရိုးဆိုတာကို တစ်ခါမှ မကြုံဖူးခဲ့ကြတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အွန်လိုင်းကနေ သင်ကြားနိုင်ဖို့ မိမိဘာသာပဲ လေ့လာကြရပါတယ်။

အင်တာနက်ကတစ်ဆင့် ပညာရေးဝက်ဘ်ဆိုဒ်တွေကို လေ့လာပြီး လက်ရှိ မိမိတို့ နိုင်ငံရဲ့ အခြေအနေ၊ မိမိတို့သင်ကြားမယ့် ကလေးတွေရဲ့ အခြေအနေပေါ်မူတည်ကာ အတတ်နိုင်ဆုံး နီးစပ်တဲ့ သင်ရိုးကို ရှာဖွေဖို့ လိုအပ်ပါတယ်။ 

ဒါ့အပြင် ကျောင်းသင်ရိုးကိုပဲ အခြေပြုသင်ကြားချင်တဲ့သူတွေအတွက်လည်း ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်တွေကတစ်ဆင့်လေ့လာပြီး လေလှိုင်းစာသင်ခန်းအတွက် အသုံးချနိုင်မယ့် နည်းလမ်းကို ရှာဖွေပါ။

ကလေးရဲ့ စိတ်ပါဝင်စားမှုနဲ့တက်မြောက်မှုကို ဘယ်လိုဆန်းစစ်မလဲ။

လေလှိုင်းစာသင်ခန်းထဲမှာ ကလေးတွေ စိတ်ဝင်တစားနဲ့ စာသင်ရတာပျော်ရွှင်နေစေဖို့ ဆရာ၊ဆရာမတွေက ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

ဥပမာ - ကဗျာတစ်ပုဒ်သင်တော့မယ်ဆိုရင် ဆရာမကိုယ်တိုင်က ဆိုပြမလား ဒါမှမဟုတ် ဗီဒီယိုလေးတွေနဲ့ စိတ်ဝင်စားအောင်ပြမလား ဘယ်လိုအရာမျိုးက ကလေးက ပိုစိတ်ဝင်စားလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။


လေလှိုင်းစာသင်ခန်းမှာ ကလေးတွေကို အတတ်နိုင်ဆုံး စာအုပ်၊ ခဲတံ၊ ဘောပင်မသုံးပါနဲ့။ Screen ကိုသာကြည့်စေပြီး လေလှိုင်းစာသင်ခန်းနဲ့ အကျွမ်းတဝင်ဖြစ်အောင် Online Tools တွေ အသုံးပြုကာ စာဖတ်၊ စာရေးခိုင်းတာ၊ အမေးအဖြေလုပ်တာ၊ ပဟေဠိအဖြေ ရှာခိုင်းတာ စသဖြင့် ကလေးတွေရဲ့ တတ်မြောက်မှုကို ဆန်းစစ်သင့်ပါတယ်။

အွန်လိုင်းစာသင်မှုနဲ့ အသားမကျသေးတဲ့ မြန်မာနိုင်ငံမှာ ဆရာ၊ကျောင်းသားနဲ့ မိဘ သုံးဦးသုံးဖလှယ်စလုံး အတွက် အခက်အခဲစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရဆဲပါ။ ဒီလိုစိန်ခေါ်မှုတွေကြားကပဲ ထိရောက်တဲ့သင်ကြား၊သင်ယူမှုတွေကို တဖြည်းဖြည်း လေ့လာသွားနိုင်ပါတယ်။ ကျောင်းသား၊ ဆရာ၊မိဘ အချင်းချင်း အပြန်အလှန် အထောက်အပံ့ပြုရင်း နည်းပညာယဉ်ကျေးမှုတစ်ရပ်လို ထွန်းကားလာမယ့် လေလှိုင်းပေါ်က စာသင်ကြားမှုကို အမှီလိုက်နိုင်အောင် ကြိုးစားလေ့လာဖို့ အကြံပြုလိုပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ ပံ့ပိုးကူညီပေးထားပါတယ်။



Share

Loading Next Article...
က္က