အောင်မြင်မှုဒဏ်ကို မခံနိုင်ပဲ မူးယစ်နဲ့ မိန်းမကိစ္စအရှုပ်တော်ပုံတွေကြောင့် လည်း ရှာထားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရသူတွေလည်း ရှိပါတယ်။

ပရော်ဖက်ရှင်နယ် ကစားသမားတွေဆိုတာ အောင်မြင်နှင့်အတူ ငွေကြေး ကြွယ်ဝမှုလည်း များပြားကြသူတွေပါ။

ငယ်စဥ်က ကလေးဘဝမှာ မည်သို့ပင် ဆင်းရဲစေခဲ့ကာမူ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုနိုင်ပြီဆိုရင်တော့ တစ်စနှင့် တစ်စ တိုးတက် ကြီးပွားလာကြတာပါပဲ။ ဒီထဲမှာမှ ပရိသတ်တွေ နီးနီးကပ်ကပ် မြင်တွေ့နိုင်မှာကတော့ ဥရောပ အခြေစိုက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေပဲ ဖြစ်ပါတယ်။

သူတို့ထဲမှာ ငယ်စဥ်က စစ်ဘေးသင့်ခဲ့ရမှုတွေ၊ဆင်းရဲမွဲတေခဲ့ရမှုတွေကို ကျော်ဖြတ်ပြီးမှ အောင်မြင်တဲ့ ကစား သမားဘဝကို ပိုင်ဆိုင်လာကြသူတွေက အများစု ရှိနေပါတယ်။ အဲ့ဒီအထဲမှာမှ အောင်မြင်မှုဒဏ်ကို အကောင်း ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဘဝကို ဘောလုံးသမားဘဝ နေဝင်ချိန်အထိ ရေရှည်တွေးကာ တည်ဆောက်နိုင်ခဲ့သူတွေ ရှိသလို(ဥပမာ ရော်နယ်ဒို၊မက်ဆီ) အောင်မြင်မှုဒဏ်ကို မခံနိုင်ပဲ မူးယစ်နဲ့ မိန်းမကိစ္စအရှုပ်တော်ပုံတွေကြောင့် လည်း ရှာထားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရသူတွေလည်း ရှိပါတယ်။

ဒေးဗစ်ဂျိမ်း(အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်း)

သူတောက်ပတဲ့ ကာလတုန်းကဆိုရင် အင်္ဂလန်မှာ ဒေးဗစ်ဂျိမ်းဟာ နာမည်ကျော်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ တမူထူးတဲ့ ဆံကေသာကို အမြဲတစေ လုပ်ဆောင်ထားလေ့ရှိပြီး မုတ်ဆိတ်မွေးတွေနှင့်အတူ ယောင်္ကျားပီသတဲ့ မျက်နှာသွင်ပြင်ပိုင်ဆိုင်ထားတဲ့ ဂျိမ်းဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်လက်ဖြစ်ခဲ့တာပါ။ဒါပေမယ့်လည်း ဂျိမ်း ဟာ သူ့ရဲ့ အောင်မြင်မှုတွေကို ရေရှည်မထိန်းသိမ်းနိုင်ခဲ့ပါဘူး။အကြောင်းကတော့ ၂၀၀၅ခုနှစ်မှာ ဂျိမ်းဟာ သူ့ရဲ့ အိမ်ထောင်ပျက်ခဲ့ရပါတယ်။ဒီအိမ်ထောင်ပျက်မှုကြောင့် ပိုင်ဆိုင်မှုတွေဟာ ဇနီးဖြစ်သူကို တစ်ဝက်တိတိ ခွဲပေးခဲ့ရ ပါတယ်။တဆက်တည်းမှာပဲ ဒေဝါလီခံရမယ့် စာရင်းသွင်းခြင်း ခံရဖို့ နီးစပ်ခဲ့ပြီး ၂၀၁၄မှာတော့ လုံးဝကို ဒေဝါလီခံ ရတဲ့ အဆင့် ဖြစ်သွားခဲ့တာပါ။ ငွေကြေး လုံးဝမရှိတော့ချိန်မှာတော့ ပိုင်ဆိုင်မှု အချို့ကိုလည်း လေလံတင်ပြီး ရောင်းချစားသောက်ခဲ့ရပါသေးတယ်။အခုတော့ BT SPORTမှာ အားကစား သုံးသပ်သူတစ်ဦးအဖြစ် ဘဝကို ရပ် တည်နေပါတယ်။

အီမန်နူရယ်အီဘိုယေး(အိုင်ဗရီကို့စ်နှင့် အာဆင်နယ် ကစားသမားဟောင်း)

အီဘိုယေးရဲ့ ဖြစ်စဥ်ကလည်း ဒေးဗစ်ဂျိမ်းနဲ့ အလားတူပြီး အိမ်ထောင်ကွဲရာမှ ဘဝပျက်ပြီး မိမိကိုယ်ကို သေ ကြောင်းကြံစည်ဖို့အထိ စိတ်ဓာတ်တွေ ကျခဲ့ရသူပါ။ ၂၀၀၄ကနေ ၁၁အထိ အာဆင်နယ်အသင်းမှာ ရှိစဥ် အီ ဘိုယေးဟာ နည်းပြ ဝင်းဂါးရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်သလို အိုင်ဗရီကို့စ် လက်ရွေးစင် ကစား သမားတစ်ဦးအဖြစ်လည်း မားမားမတ်မတ်ရှိနေခဲ့သူပါ။ အဲ့နောက် ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ပြီး နောက် အနားယူဖို့ အကြောင်းအရာတွေ ဖန်တီးလာပါတော့တယ်။ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ပြဿနာ တချို့ ကြောင့် ကစားသမားဘဝကို ၂၀၁၆ခုနှစ်‌လောက်မှာ ကုန်ဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ယခင် အေးဂျင့်ကို ပေးရန် အကြွေးတွေ မပေးရသေးလို့လဲ ပွဲကစားခွင့်တစ်နှစ်ပိတ်ပင်ခြင်း ခံခဲ့ရပါသေးတယ်။၂၀၁၇ခုနှစ်မှာတော့ အီဘိုယေး ဘဝ လုံးဝပျက်သွားပါတယ်။အကြောင်းကတော့ ဇနီးဖြစ်သူ အော်ရေလီနှင့် ကွာရှင်းပြတ်စဲခဲ့ရပြီး ပိုင်ဆိုင်မှု အား လုံးကို ပေးလျော်ခဲ့ရတာပါ။ ဒီအခြေအနေဟာ အာဆင်နယ်နဲ့ အိုင်ဗရီကို့စ် ညာနောက်ခံလူဟောင်းအတွက်တော့ သေမလောက် ဆိုးရွားမှုဖြစ်ပြီး တကယ်လဲ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ကြံစည်ခဲ့ဖူးသူ ဖြစ်ခဲ့ပါတယ်။

ရီဆာ(လီဗာပူးကစားသမားဟောင်း)

လီဗာပူးပရိသတ်တွေသာမက ပရီးမီးယားလိဂ် ပရိသတ်တွေဟာ ဘယ်သန် ကစားသမားကြီး ရီဆာကို မသိသူ မရှိ သလောက်ပါပဲ။ပြင်းထန်တဲ့ ကန်ချက်တွေနှင့်အတူ လီဗာပူးအသင်းကို နောက်တန်းကတဆင့် ရှေ့တန်းထိ လိုက်ပါ ကစားပေးနိုင်သူ ရီဆာဟာ အင်္ဂလန်အပြင် စပိန်နဲ့ အီတလီမှာ ကစားခဲ့စဥ် ကာလတစ်လျှောက်လုံး ထိပ် တန်းအဆင့်မှာ ရှိခဲ့သူပါ။ ရီဆာကတော့ အေးဂျင့်ဖြစ်သူကို ဒေါ်လာ တစ်သိန်းခွဲ ပေးဆောင်ရန် ပျက်ကွက်မှုကနေ စတင် တရားဆွဲခံခဲ့ရပါတယ်။အဲ့နောက်မှာတော့ သူ့ရဲ့ အေးဂျင့်ဖြစ်သူဟာ တရားရုံးမှာ တရားစွဲလာရင်း နောက် ဆုံး ဒေါ်လာ ၅သန်းအထိ လိမ်လည်မှုနဲ့ အဆုံးသတ်အနိုင်ရသွားပါတယ်။ တဖြေးဖြေးနဲ့ ရီဆာလည်း ဒီဖြစ်စဥ် ကြောင့် ဒေဝါလီခံရသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟို(ဘရာဇီး လက်ရွေးစင်ဟောင်း)

ဘောလုံးကဝေ ရော်နယ်ဒင်ဟိုဟာ ဘယ်လောက်ချမ်းသာသလဲဆိုရင် ပွဲကစားအပြီး ချွေးသံတရွှဲရွှဲနဲ့ ဂျာစီတောင် လေလံပစ်ရင် သန်းနဲ့ချီရတဲ့ ကစားသမားမျိုးပါ။ ဒီလိုကစားသမားမျိုးရဲ့ ဘဏ့်အကောင့်ထဲမှာ ၅ပေါင်သာ ရှိ တော့တယ်ဆိုရင် သင်ယုံနိုင်မလား။ ဟုတ်ပါတယ် အဲ့လို အဖြစ်အပျက်မျိုး ၂၀၁၈ခုနှစ်မှာ ဖြစ်သွားခဲ့ဖူးပါတယ်။ အပျော်အပါးနဲ့ မိန်းမကို အလွန်အမင်း လိုက်စားမှုကြောင့် ဒင်ဟိုဟာ ကြွေးမြီများစွာလည်း တင်ရှိနေခဲ့ပြီး သူ့ရဲ့ ဘဏ် စာအုပ်ထဲမှာလည်း ၅ပေါင်သာ ရှိတဲ့အခြေအနေထိ ဖြစ်ခဲ့ရတာပါ။ ဒီကြားထဲမှာ ပတ်စ်ပို့ လိမ်လည်မှုနဲ့ ဖမ်း ဆီးခံခဲ့ရဖူးသလို နေအိမ်မှာ အကျယ်ချုပ်နဲ့လည်းထိန်းသိမ်းခံခဲ့ရဖူးသူပါ။ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် တစ်ဦးဖြစ်သူရဲ့ ပရော်ဖက်ရှင်နယ်ဘဝ နေဝင်ချိန်တွေဟာ မှေးမှိန်ခဲ့ရပါတယ်။



Share

က္က