In partnership with  logo
ရုံးလုပ်ငန်းတွေဖြစ်တဲ့အတွက် လုပ်ငန်းအတွေ့အကြုံများစွာလည်း ရတဲ့အလုပ်တွေပါ။

ကျောင်းမပြီးသေးပေမယ့် လုပ်ငန်းခွင်ကို ဝင်ရောက်ချင်ပေမဲ့ ဘယ်လို အလုပ်အကိုင်မျိုးကို လျှောက်ထားရမလဲ မသိသူတွေအတွက် ကျောင်းမပြီးသေးလည်း ဝင်ရောက်လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပြောပြပေးချင်ပါတယ်။ အလုပ်အကိုင်ခေါ်ယူရေးအေဂျင်စီ Myjobs.com.mm ရဲ့စာရင်းများအရ ကျောင်းသားလူငယ်တွေကို ခေါ်ယူခန့်အပ်မှုများပြားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေတွေကတော့ ...



၁။ Market Operator 

ပထမဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ ကျောင်းသားလူငယ်တွေ လျှောက်ထားလို့ရနိုင်တဲ့ အလုပ်အမျိုးအစားက Market Operator ဖြစ်ပါတယ်။  ဒီအလုပ်အကိုင်အမျိုးအစားကတော့ ကိုယ့်ရဲ့ မားကတ်ထဲ ဘာတွေခေတ်စားနေလဲ၊ ဈေးကွက် ဘယ်လိုရှိနေလဲ စတာတွေကို လိုက်လံစုဆောင်းလေ့လာရတဲ့ အလုပ်အကိုင်အမျိုးအစားမျိုးပါ။ ဒီအလုပ်အကိုင်အမျိုးအစားတွေကိုတော့ ကျောင်းမပြီးသေးတဲ့ လူငယ်တွေကို ပိုပြီး ခန့်ထားလေ့ရှိပါတယ်။ 

၂။ Customer Activation

Customer Activation အလုပ်က  ကိုယ့်ကုန်ပစ္စည်းတံဆိပ်ကို ဈေးကွက်ထိုးဖောက်ရတဲ့ တာဝန်မျိုးဖြစ်ပြီး ဝယ်သူတွေဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရတဲ့ အလုပ်ဖြစ်တာကြောင့် လူအများနဲ့ ပေါင်းသင်းဆက်ဆံရတာကို သဘောတွေ့တဲ့သူ၊ စကားပြောပြေပြစ်တဲ့သူတွေအတွက် ကိုက်ညီတဲ့ အလုပ်အကိုင်အမျိုးအစား  ဖြစ်ပါတယ်။ 

Photo:Freepik.com 

၃။Sales Representative

ဒီအလုပ်အကိုင်အခွင့်အလမ်းကတော့ ခန့်ထားမှုကော ၊ လျှောက်ထားမှုပါ အများဆုံးအလုပ်အကိုင်အမျိုးအစားလည်းဖြစ်ပါတယ်။  ဆိုင်အသေးလေးကစလို့ ကုမ္ပဏီအကြီးပိုင်းတွေအထိ အရောင်းကိုယ်စားလှယ်ရာထူးခန့်အပ်မှုတွေရှိတာကြောင့် ကျောင်းသားလူငယ်တွေလည်း လျှောက်ထားမှုတွေလည်း များပြားပါတယ်။ ဒီအလုပ်အကိုင်အမျိုးအစားဟာလည်း အထက်က အလုပ်အကိုင်အမျိုးအစားနဲ့ တူညီတဲ့အချက်ကတော့ ရောင်းဝယ်သူဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံရပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို အရောင်းသွက်အောင် ပြုလုပ်ရတဲ့ အလုပ်အကိုင်အမျိုးအစားပါ။ 

၄။Data Entry 

အပေါ်က အလုပ်အကိုင်အမျိုးအစားတွေ လုပ်ဖို့ စိတ်မပါဘူး၊ ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့  Data Entry အလုပ်ကို လျှောက်ထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအလုပ်အကိုင်အမျိုးအစားကတော့ လူအများနဲ့ ပြောဆိုဆက်ဆံစရာသိပ်မလိုဘဲ ကွန်ပျူတာနဲ့ ဒေတာအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းရတဲ့ အလုပ်အကိုင်အမျိုးအစားမျိုးပါ။ စာရင်းတွေ၊ အချက်အလက်တွေ ၊ ကွန်ပျူတာတွေနဲ့သာ အလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် သင့်တော်ပါတယ်။ 

Photo:Freepik.com 

၅။Telesales Representative 

ဒီအလုပ်အကိုင်အမျိုးအစားကလည်း လူငယ်တွေ တော်တော်များများ လုပ်ကိုင်နေကြတဲ့ အလုပ်အကိုင်အမျိုးအစားဖြစ်ပါတယ်။ တယ်လီဖုန်းကနေတစ်ဆင့် ကိုယ့်ရဲ့ ဝယ်သူတွေကို ကုန်ပစ္စည်းအကြောင်းရှင်းပြတာ၊ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ဝယ်ယူသူတို့ရဲ့ အမြင်ကို မေးမြန်းတာ ၊  ဝယ်ယူသူ သိလိုသမျှကို ဖြေကြားပေးတာ စတဲ့ တာဝန်များကို ဆောင်ရွက်လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ပါတယ်။


အလုပ်လိုချင်တဲ့ လူငယ်လေးတွေ ပြင်ဆင်ထားရမယ့်အချက်များ

“ လူငယ်တွေအနေနဲ့ flexible ဖြစ်ရမယ်။ တစ်ခုခုဆိုရင် ကိုယ်က adapt လုပ်ရမယ်။ Hard Working ဖြစ်ရမယ်။ ကိုယ်က Knowledge တွေ  ဖြည့်တင်းထားမယ်ဆိုရင်တော့ ပိုအဆင်ပြေတယ်။ အလုပ်လျှောက်ချင်တဲ့သူတွေအတွက် open minded ဖြစ်ရမယ်။ positive mindset ရှိရမယ်။ ဘယ်အရာမဆို လုပ်ချင်တဲ့စိတ်က‌ေလးနဲ့ ငါလုပ်မယ်ဆိုတဲ့ စိတ်ကလေးရှိရမယ်။ ကိုယ်ကိုယ်တိုင်က ဘယ်အရာကို လိုချင်တာလဲဆိုတာ သိရမယ်။ ငါကိုယ်တိုင် ဒီအလုပ်လေးကို ပြီးအောင်လုပ်မယ် ဆိုတဲ့ စိတ်မှာရှိမယ်ဆိုရင် အလုပ်ရခြေလည်း ပိုများတယ်။ ကုမ္ပဏီတော်တော်များများကလည်း ဒီလိုလူမျိုးကို ပိုပြီး စိတ်ဝင်စားကြတယ်။”လို့ Myjobs.com.mm ရဲ့ Chief Sale Officer  ဒေါ်မြသန္တာဦးက အလုပ်လျှောက်လိုကြတဲ့ ကျောင်းသားလူငယ်တွေအတွက် အကြံပေးစကား ပြောခဲ့ပါတယ်။  သတိထားရမှာတစ်ခုကတော့ ကိုယ်က ခုမှ စတင်လျှောက်ထားမှာဖြစ်တဲ့အတွက် အလုပ်သင်ကနေ စတင်ရမှာဖြစ်ပါတယ်။ ဒါကို စိတ်ဓာတ်ကျ အားငယ်မနေဘဲ လုပ်ငန်းခွင်အတွေ့အကြုံတွေရရှိအောင်၊ ကိုယ့်အတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။



Share

Loading Next Article...
က္က