နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာပဲ သူတို့က ယူရို ၂၀၂၀ ရဲ့ ၁၆ သင်းအဆင့်ပွဲကို ကစားရတော့မှာဖြစ်ပြီး ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။

ဒီနေ့မှာတော့ ယူရို ၂၀၂၀ ရဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲအဖြစ် ဝေးလ် နဲ့ ဒိန်းမတ်ပွဲကို အရင်ဆုံးကစားတော့မှာပါ။


ဒီပွဲက ဒိန်းမတ်အတွက်တော့ အဓိပ္ပာယ်အများကြီးရှိတဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ အုပ်စုအဆင့်မှာ ၂ပွဲဆက်တိုက်အရေးနိမ့်ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ ရုရှားကို ဂိုးပြတ်အနိုင်ရခဲ့လို့ သူတို့က နောက်တဆင့်ကို အံ့အားသင့်ဖွယ်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဖွင့်ပွဲမှာ အဲရစ်ဆန်ကွင်းအတွင်းလဲကျခဲ့တဲ့ဖြစ်ရပ်ကြောင့် ဒိန်းမတ်အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေခဲ့ပါတယ်။ ဖင်လန်ကို အရေးနိမ့်ခဲ့ပြီး နောက်ပွဲမှာလည်း ဘယ်လ်ဂျီယံကို သူတို့ရှုံးနိမ့်ခဲ့လို့ အုပ်စုအဆင့်ကနေပဲ ထွက်ခဲ့ရပြီလို့ အားလုံးက တွက်ဆခဲ့ပေမယ့် ရုရှားကို ၄-၁ နဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့လို့ ဂိုးကွာခြားချက်အသာနဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့ဟာ ၁၉၉၂ ယူရိုပြိုင်ပွဲမှာ ဒိန်းမတ်တို့ဗိုလ်စွဲခဲ့တာ ၂၉ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။ ဂျာမနီကို ဗိုလ်လုပွဲမှာ ၂-၀ နဲ့ သူတို့အနိုင်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာကြီးတခုလုံးကို ဒိန်းမတ်က အံ့အားသင့်အောင်လုပ်ပြနိုင်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားစရာကတော့ ဒိန်းမတ်ဟာ ယူရို ၉၂ ပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်ဘဲနဲ့ ဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။


ထိုစဉ်က ယူဂိုဆလာဗီးယားက အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ပြည်တွင်းမှာ စစ်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိနိုင်တော့လို့ ဒုတိယနေရာရခဲ့တဲ့ ဒိန်းမတ်ကို အစားထိုးကစားခွင့်ပေးခဲ့ရာကနေ ဆုဖလားရရှိခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့လို့ ယူရို ၉၂ ပြိုင်ပွဲက တကယ်ကို အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဒိန်းမတ်ဟာ အုပ်စုအဆင့်မှာ ပြင်သစ်၊ အင်္ဂလန်တို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီး နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ထပ်မံအနိုင်ယူကာ ဂျာမနီနဲ့တွေ့ပြီး ၂-၀ နဲ့ အနိုင်ယူဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့ သမိုင်းတစ်ပတ်လည်လာပြန်ပါပြီ။ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာပဲ သူတို့က ယူရို ၂၀၂၀ ရဲ့ ၁၆ သင်းအဆင့်ပွဲကို ကစားရတော့မှာဖြစ်ပြီး ဘယ်လောက်ထိ စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်ရပါတော့မယ်။

Share

က္က