၁၆သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် တွေ့ဆုံ ရင်ဆိုင်ကြရမှာပါ။

အဓိကပြိုင်ပွဲအသွင်မှာ နှစ်သင်းကြား ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး ၈၉ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံကို ၃-၀ ရှုံးပြီးက တည်းက ပေါ်တူဂီဟာ ဘယ်လ်ဂျီယံကို နောက်ထပ် တွေ့ဆုံထားတဲ့ ၅ကြိမ်မှာ ၃ကြိမ်နိုင်ပြီး ၂ကြိမ်သရေ ကစား ထားနိုင်ပါတယ်။

ယနေ့ည မြန်မာစံတော်ချိန်(တနင်္လာ နံနက် ၁နာရီခွဲ)မှာ ကစားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲကတော့ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။



လက်ရှိ ကမ္ဘာ့အဆင့်တစ် ဘယ်လ်ဂျီယံနဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ စပိန် နိုင်ငံမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုလို့ ဆိုလိုက်တာနဲ့ အားလုံးရဲ့ အတွေးအမြင်တွေမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူနဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ပြေးမြင်နေမယ်ဆိုတာ အသေအချာပါပဲ။

နှစ်ဦးပေါင်း သွင်းဂိုးဟာ ဒီပြိုင်ပွဲမှာ ၈ဂိုးထိရှိနေခဲ့ပြီး ရော်နယ်ဒိုက ၅ဂိုးနဲ့ လူကာကူက ၃ဂိုး အသီးသီးသွင်းယူ ထားကြပါတယ်။

နောက်ဆုံးရ နှစ်ဖက်အသင်း သတင်းများ

--------------------

ယနေ့ပွဲမှာတော့ ဖင်လန်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ လက်စတာစီးအသင်းမှ ယူရီတိုင်းလ်မန်း ပြန်လည်ပါဝင်လာဖို့ရှိ နေပြီး ပေါ်တူဂီအသင်းဖက်မှာလည်း နောက်ခံလူ နယ်လ်ဆင် ဆီမီဒိုပြန်လည်ပါဝင်လာဖို့ ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းမှ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာလည်း ပြီးခဲ့တဲ့ ပြင်သစ်နဲ့ နောက်ဆုံးပွဲမှာ အရံခုံ ရှိခဲ့ပေမယ့် ယနေ့ပွဲမှာတော့ ပွဲထွက် ပါဝင်လာဖို့ ရှိနေပါတယ်။

ကွာတားဖိုင်နယ်ကို သူတို့ ဘယ်လို့ ကျော်ဖြတ်လာခဲ့ကြလဲ

-------------------------------

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့်တစ်အသင်းတစ်သင်းပီပီ အဓိက ဆုဖလာားတစ်လုံးကိုတော့ ရယူပြနိုင်ဖို့ လိုအပ်နေပါတယ်။ ယခု ကျင်းပနေတဲ့ ယူရို ပြိုင်ပွဲမှာလည်း အီတလီ၊နယ်သာလန်တို့နည်းတူ ဘယ်လ်ဂျီယံအသင်း ဟာ နိုင်ပွဲပြည့် ရမှတ် ၉မှတ်နဲ့ ဒီအဆင့်ကို တက်လှမ်းပြလာနိုင်ပါတယ်။ရုရှားကို ၃-၀၊ဒိန်းမတ်ကို ၂-၁၊ဖင်လန်ကို ၂-၀တို့နဲ့ အသီးသီး အနိုင်ယူပြခဲ့တာပါ။

အခြားတစ်ဖက်မှာဆိုရင်လည်း လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းဟာ ပြင်သစ်၊ဂျာမနီ၊အိမ်ရှင် ဟန်ဂေရီအသင်းတို့ နှင့်အတူ မရဏ အုပ်စုမှာ ကျရောက်ခဲ့တာပါ။ အဖွင့်ပွဲမှာ အိမ်ရှင် ဟန်ဂေရီကို လှလှပပ အနိုင်ယူပြနိုင်ခဲ့ပေမယ့် ဂျာမနီကို ၄-၂နဲ့ရှုံးပြီး ပြင်သစ်ကို ၂-၂ သရေသာ ကစားနိုင်ခဲ့လို့ အုပ်စု တတိယသာရခဲ့ပြီး အကောင်းဆုံး အုပ်စု တတိယရအသင်းအနေနဲ့သာ တက်လှမ်းနိုင်ခဲ့တာပါ။

တိုက်စစ်အားပြိုင်မှု

--------------

၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ပွဲကစား ပေးအပြီး ၂၃ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ ၄ကြိမ်ထိလည်း ဂိုးဖန်တီးပေးထားနိုင်ပါသေးတယ်။ ယခု ကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာလည်း လူကာကူက အုပ်စုတွင်း ၃ပွဲကစား ၃ဂိုးသွင်းယူထားနိုင်ပါသေးတယ်။

အခြားတစ်ဖက်မှာလည်း ပေါ်တူဂီအသင်းရဲ့ အသက် ၃၆နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ စံချိန်တွေ အတွက် မွေးဖွားလာသလား အောင့်မေ့ရအောင် အုပ်စုတွင်း ၃ပွဲကစားအပြီး ၅ဂိုးထိ သွင်းယူပြထားပါတယ်။ ဒါ့အပြင် သူဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံး ဥရောပတိုက်သား ကစားသမားအဖြစ် လည်း မှတ်တမ်းတင်ရှိထားနိုင်ပါသေးတယ်။ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်အသင်းဖက်ကို ၂ဂိုးသွင်းယူနိုင်ပြီး ယခင် ၁၉ဂိုးသွင်းပြထားတဲ့ ဂျာမနီ တိုက်စစ်မှူးကြီး ကလိုဆေးကို ၂၁ဂိုးနဲ့ ကျော်ဖြတ်ပြထားနိုင်သူလည်း ဖြစ်ပြန် ပါတယ်။

ပညာရှင် လော်ရိုးရဲ့ ခန့်မှန်းထားမှု

---------------------------

“ကမ္ဘာ့အဆင့်တစ်အသင်းနဲ့ လက်ရှိ ချန်ပီယံ တွေ့ဆုံမှုပဲ၊နှစ်သင်းစလုံးမှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိသူ တွေ ပိုင်ဆိုင်ထားသလို တကယ့် ပါရမီရှင်တွေချည်းပါပဲ။ဘယ်လ်ဂျီယံမှာ တိုက်စစ်သွားနိုင်စွမ်းရှိသလို နောက်တန်း အားနည်းချက်လည်း ရှိနေပြန်ပါတယ်။ ကျွန်တော်ကတော့ ပင်နယ်တီအထိသွားမယ်လို့ ယူဆ မိပါတယ်။ ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီလေက်နဲ့ ပြီးသွားနိုင်ပြီး အချိန်ပို ပင်နယ်တီထိ သွားမှာပါ။” လို့ လော်ရိုး က ခန့်မှန်းထားပါတယ်။

Share

က္က