ပေါ်တူဂီအသင်းနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လက်ရှိ ယူရိုပြိုင်ပွဲမှာ ၃ဂိုးထိသွင်းယူထားပြနိုင်ပြီး ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်နေပါ တယ်။

ဘယ်လ်ဂျီအသင်းအတွက် အုပ်စုတွင်း ၃ဂိုးထိ သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်မှူး လူကာကူဟာ မိမိအနေနဲ့ ကိန်း လီဝန်ဒေါစကီးတို့လို ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



အင်တာမီလန်အသင်း တိုက်စစ်မှူး လူကာကူဟာ နိုင်ငံအသင်းအတွက်လည်း စုစုပေါင်း ၉၆ပွဲကစားကာ ၆၃ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။

ယနေ့ည(တနင်္လာနံနက် ၁နာရီခွဲ)မှာ ကစားမယ့်ပွဲအတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မိမိဟာ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူး စာရင်းဝင်တစ်ဦးဖြစ်တယ်လို့ လူကာကူက ဆိုလာတာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြလာတာပါ။

“လူတွေက လီဝန်ဒေါစကီး၊ကိန်း၊ဘန်ဇီးမား၊ဆွာရက်ဇ်စတဲ့ ကစားသမားတွေအကြောင်းပြောတဲ့အခါ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူးလို့ သတ်မှတ်ပြောဆိုလေ့ရှိပေမယ့် ကျွန်တော့်အကြောင်းပြောရင်တော့ ကောင်းမွန်တဲ့ အဆင့်တစ်ခုမှာပဲ ထားပြီး ပြောနေတာ သတိထားမိပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ပြသခဲ့တဲ့ ကျွန်တော့် ခြေစွမ်း အရ ကျွန်တော်ဟာ ကောင်းမွန်တယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန်နေတယ်ဆိုတာ မငြင်းကြပါနဲ့။ကျွန်တော်ဟာ လည်း ခင်ဗျားတို့ ပြောပြောနေတဲ့ လီဝန်တို့ ကိန်းတို့နဲ့ အတူတူ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်တစ်ဦး ဖြစ်ပါတယ်။” လို့ လူကာကူက ပြောခဲ့တာပါ။

လူကာကူဟာ သူပြောသလိုပဲ ယခုနှစ်ပြိုင်ပွဲမှာ ၃ဂိုးသွင်းထားပြီး ပြိုင်ပွဲရဲ့ ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစား သမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

ယနေ့ညမှာတော့ လက်ရှိပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမား ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဂိုး သွင်းယူပြနိုင်အုံးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က