ရှုံးထွက်အဆင့်မှာ နှစ်သင်းကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

၅ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ယခင် ၄ကြိမ်တွေ့ဆုံမှုမှာတော့ ပြင်သစ်က ၂ပွဲနိုင် ၂ပွဲသရေကျထားကာ ယခု တစ်ကြိမ် ရှုံးထွက်အဆင့် တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

မရဏအုပ်စုရဲ့ အုပ်စုဗိုလ် ပြင်သစ်နဲ့ အကောင်းဆုံး အုပ်စု တတိယနဲ့ တက်လာတဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ၁၆ သင်းအဆင့် ထိပ် တိုက်တွေ့ဆုံမှုကတော့ ယနေ့ည(အင်္ဂါနံနက် တစ်နာရီခွဲ)မှာ ယှဥ်ပြိုင်ကစားကြတော့မှာပါ။



ပြင်သစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သလို လူအင်အားအရလည်း ဆွစ်ဇာလန်ထက် သာနေတယ်ဆိုတာ ငြင်းလို့မရပေမယ့် ချက်ကိုရှုံးပြီး စောစောစီးစီးထွက်သွားရတဲ့ နယ်သာလန်ရဲ့ ပူပူနွေးနွေးသာဓကကလည်း ရှိနေ ပြန်တော့ ပြင်သစ် လုံးဝ ပေါ့လို့ မရပါဘူး။

ဒါ့အပြင် အုပ်စုတွင်းတုန်းက အဓိက ကစားသမားအချို့ ဒဏ်ရာကိုယ်စီ ရထားခဲ့လို့ ယနေ့ပွဲမှာ ပြန်ပါလာနိုင်မလား လူပြောင်းလဲပြီး ပွဲထုတ်လာရမလားဆိုတာကလည်း ပြင်သစ်နည်းပြ ဒက်စ်ချမ့်အတွက် ပညာစမ်းစရာ ဖြစ်နေပြန် ပါတယ်။

ပြိုင်ဖက်ကို လေ့လာကြည့်ခြင်း

---------------------

ဆွစ်ဇာလန်က အကောင်းဆုံး အုပ်စု တတိယနဲ့ ဒီအဆင့်ကို တက်လာတာပါ၊ အုပ်စုနောက်ဆုံးပွဲမှာ တူရကီကို လီဗာပူး တိုက်စစ်မှူး ရှာကွီရီရဲ့ ဂိုးသွင်းသေချာမှု အာဆင်နယ် ကစားသမားဟောာင်း ရှာခါရဲ့ ဘောလုံး ပိုင်ဆိုင် နိုင်မှု အသာစီးရယူခဲ့ပြနိုင်မှု စတဲ့ အားသာချက်တွေနဲ့ အနိုင်ယူပြီး တတိယနေရာကို ဆုပ်ကိုင်ပြနိုင်ခဲ့တာပါ။ ဒါ ကြောင့် ပြန်ကြည့်လိုက်ရင် ဆွစ်ဇာလန်မှာ များများစားစား စောင့်ကြည့်ရမယ့် ကစားသမားဆိုလို့ လက်ချိုးလို့ ရပါတယ်။

နှစ်သင်း အခွင့်အရေး

--------------------

ပြင်သစ်က Gracenote World Football Ranking ရဲ့ ဖော်ပြချက်အရ ယခုပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ဖို့ တတိယ မြောက် ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ လက်ရှိလည်း ၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်သလို ယခု ပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ဂျာမနီ၊ပေါ်တူဂီ၊ဟန်ဂေရီတို့ပါဝင်တဲ့ မရဏ အုပ်စုကို ကျော် ဖြတ်ပြလာခဲ့တာပါ။ ဒါကြောင့် ပြင်သစ်အသင်းအနေနဲ့ ယခုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ၁၁.၈ ရာခိုင်နှုန်း ရှိနေပြီး အခြားတစ်ဖက်မှာဆိုရင်တော့ ဆွစ်ဇာလန်က ကမ္ဘာ့အဆင့် ၁၅မှာ ရှိနေကာ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ၂.၇ ရာခိုင် နှုန်းသာ ရှိနေတာပါ။ Gracenote World Football Ranking ရဲ့ စစ်တမ်းအရဆိုရင်လည်း ယခု တွေ့ဆုံမှုမှာ ကွာ တားဖိုင်နယ်ကို တက်လှမ်းဖို့ ပြင်သစ်က ၆၆ ရာခိုင်နှုန်း ရှိနေပြီး ဆွစ်ဇာလန်ကတော့ ၄၄ ရာခိုင်နှုန်းသာ ရှိနေ တာကိုလည်း တွေ့ရပါသေးတယ်။

ထိပ်တိုက်တွေ့ဆုံထားမှု

---------------------

အဓိက ပြိုင်ပွဲအသွင်းနဲ့ ၅ကြိမ်မြောက် ရင်ဆိုင်ကစားကြမှာ ဖြစ်ပေမယ့်လည်း ရှုံးထွက်အဆင့် တွေ့ဆုံမှုကတော့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။ ယခင် တွေ့ဆုံထားမှု ၄ကြိမ်စလုံးမှာတော့ ပြင်သစ်က ၂ပွဲနိုင် ၂ပွဲသရေ ကစား ထားနိုင်လို့ ထိပ်တိုက်တွေ့ဆုံမှုအရ အသာရနေတာ တွေ့ရပါတယ်။


ထူးခြား အချက်အလက်များ

------------------

ပြင်သစ်ဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား နှစ်ခုပေါင်း နောက်ဆုံး ကစားထားတဲ့ ၁၇ပွဲမှာ ရှုံးပွဲတစ်ပွဲတည်းသာ ရှိ ထားပြီး ၂၀၁၆ ယူရို ဗိုလ်လုပွဲတုန်းက ပေါ်တူဂီကို အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂရုဇ်မန်းဟာ နောက်ဆုံး ၅၁ပွဲဆက် ပါဝင်ပေးထားနိုင်ပြီး ၂၀၁၇ခုနှစ် သြဂုတ် ၃၁ရက်နေ့မှ စတင်ပြီး ယနေ့အထိ ဥရောပ နိုင်ငံအသင်းတစ်သင်းအတွက် ပွဲပေါင်း ၅၀နှင့်အထက် ကစားပေးထားနိုင်တဲ့ တစ်ဦး တည်းသော ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

တူရကီအသင်းဖက်ကို နှစ်ဂိုးသွင်းခဲ့တဲ့ ရှာကွီရီကလည်း ဥရောပဖလားနဲ့ ကမ္ဘာ့ဖလား စတဲ့ အဓိက ပြိုင်ပွဲကြီးတွေ မှာ ဆွစ်ဇာလန်အသင်းအတွက် ဂိုးအများဆုံး သွင်းပေးထားနိုင်သူ ဖြစ်လာပါပြီ။ 

Share

က္က