ဒေါမနစ်အပြင် ချီဝဲလ်နဲ့ ဘန်ဝှိုက်တို့လည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဒေါမနစ်ဟာ ယခုပြိုင်ပွဲမှာ ခရိုအေးရှားနဲ့ပွဲက စတားလင်းအစား ၃မိနစ် ဝင်ကစားထားတဲ့ အချိန်မျှသာ ကစားခွင့်ရ ထားပါသေးတယ်။

မကြာခင်မှာ ကစားတော့မယ့် ဂျာမနီအသင်းနဲ့ ပွဲစဥ်အတွက် ရွေးချယ်ခဲ့တဲ့ ၂၃ယောက်စာရင်းမှာ အဓိက တိုက်စစ် မှူး တစ်ဦးဖြစ်တဲ့ ဒေါမနစ် ကဲလ်ဗက်လီဝန် မပါဝင်လာတော့ဘူးလို့ Daily Mail က ဖော်ပြလာပါတယ်။



အဲဗာတန် တိုက်စစ်မှူး လီဝန်ကို ချန်ထားခဲ့ရတာနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း နီးစပ်သူ အချို့က ပြောလာပေမယ့် အကြောင်းရင်း အတိအကျကိုတော့ မပြောနိုင်ကြဘူးလို့လည်း သိရပါတယ်။

ဒေါမနစ်အနေနဲ့လည်း ယခု ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားနဲ့ တစ်ပွဲသာ လူစားဝင်ကစားသမားအဖြစ် အချိန် ၃မိနစ် လောက် ကစားခွင့်ရထားပါသေးတယ်။

ဒါပေမယ့် ဒီတိုက်စစ်မှူးဟာ အဲဗာတန်အသင်းနှင့်အတူ လိဂ်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်ထားသူဖြစ်လို့ နည်း ပြ ဆောက်ဂိတ်စိတ်ကြိုက် ရွေးထားသူ တစ်ဦးဆိုတာလည်း အသေအချာပါ။

“အရံခုံမှာ နံပါတ် ၉ မရှိတာကြီးက တမျိုး စိတ်ပျက်စရာဖြစ်သလို ဒီဆုံးဖြတ်ချက်ကလည်း ရှုပ်ထွေးမှုတွေရှိ နေပါတယ်။”လို့ ဒေါမနစ်နဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

အင်္ဂလန်အသင်းကတော့ ယနေ့ညမှာ နာမည်ကြီး ဂျာမနီအသင်းနဲ့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲကို ကစားရမှာ ဖြစ်ပြီး အနိုင်ရခဲ့ပါက ကွာတားဖိုင်နယ်အဆင့်မှာ ဆွီဒင်-ယူကရိန်းပွဲမှ အနိုင်ရသူနဲ့ တွေ့ဆုံရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က