ကစားသမားရ့ဆန္ဒကိုသာ စောင့်ဆိုင်းနေရတာပါ။

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေပဲ အသင်းထွက်ခွာခဲ့ရပြီးနောက် လက်ရှိမှာ အားလပ်ရက်အဖြစ် အနားယူနေပြီဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကစားသမားဆီက တုံ့ပြန်မှုတွေကို စောင့်မျှော်နေတယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ရေးသားပြောဆိုခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေပဲ အသင်းထွက်ခွာခဲ့ရပြီးနောက် လက်ရှိမှာ အားလပ်ရက်အဖြစ် အနားယူနေပြီဖြစ်ပါတယ်။

ယူရိုမှာ ပေါ်တူဂီအတွက် ၅ ဂိုးအထိသွင်းယူပေးခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယံကိုအရေးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံတို့ ၁၆ သင်းအဆင့်ကနေသာ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုမှာလား၊ မချုပ်ဆိုဘူးလားဆိုတာကို အခုထိ သေသေချာချာမသိရသေးဘဲ ကလပ်အသင်းက သူနဲ့ သူ့ရဲ့အေးဂျင့်ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ 

လက်ရှိမှာ ရော်နယ်ဒိုကိုခေါ်ယူဖို့ အသင်းဟောင်းယူနိုက်တက် နဲ့ ပြင်သစ်ကလပ်ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေကြပါတယ်။ ယူနိုက်တက်က ရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ဆီကို ဆက်သွယ်ကာ ကစားသမားကို တစ်နှစ်လုပ်ခယူရိုသန်း ၂၀ နဲ့ ခေါ်ယူနို်င်မလားလို့ မေးမြန်းခဲ့ကြောင်းလည်း သတင်းတွေထွက်ပေါ်နေပြီး ပီအက်စ်ဂျီကတော့ ကစားသမားကို လက်ရှိဂျူဗီမှာ ရရှိနေတဲ့ လုပ်ခလစာ ပေါင်သန်း ၃၀ ပေးဖို့ အသင့်ရှိနေကြောင်း ဆိုပါတယ်။ 

ရော်နယ်ဒိုကိုယ်တိုင်က အသင်းနဲ့အနာဂတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း သူ ပြောင်းရွှေ့နိုင်မယ့် အသင်းတွေရဲ့ အနေအထားကို စောင့်ကြည့်ကာ သူ့ကိုပြန်လည်ပြောဆိုဖို့ ဂျော့မန်ဒက်စ်နဲ့ ဆွေးနွေးထားပါတယ်။ အလီဒါယေးရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေရွှေဖိနပ်ဆုကို အသက် ၃၆ နှစ်နဲ့ ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲဖြစ်လို့ ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ 

Share

က္က