၃နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပြီး ၂၀၁၉ ဇွန်လ နောက်ပိုင်း ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ နည်းပြ အန်ဆယ်လော့တီ ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ နည်းပြ ရာထူးအတွက် ယခင်က လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ဖူးသူ နည်းပြ ဘင်နီတက်ဇ်ကို ခေါ်ယူ လိုက်ပြီလို့ BBC SPORTသတင်းဌာနက ဖော်ပြ လာပါတယ်။



အသက် ၆၁နှစ်အရွယ် ဘင်နီတက်ဇ်ဟာ အသင်းနှင့်အတူ ၃နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ် လို့လည်း သိရပါတယ်။

“အင်မတန်မှ ဝမ်းသာအားရနဲ့ လက်ခံလိုက်မိပါတယ်။အဲဗာတန်ဟာ ကျွန်တော် သွားသင့်တဲ့ နေရာတစ်ခုလို့ ယုံကြည်တာကြောင့်လည်း လက်တွဲဖြစ်တာပါ။ အောင်မြင်မှုတွေ ဆောင်ကြဥ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစား သွားပါမယ်။”လို့ ဘင်နီတက်ဇ်က ဆိုပါတယ်။

ဘင်နီတက်ဇ်ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး တာဝန်ယူခဲ့တာကတော့ ၂၀၁၉ ဇွန်လက နောက်ဆုံး ဖြစ်ပြီး အဲ့ဒီတုန်းက နယူးကာဆယ်အသင်းကို တာဝန်ယူပေးခဲ့တာပါ။

အဲ့နောက် တရုတ်စူပါလိဂ်ကလပ် ဒါလီယန်းအသင်းမှာ ၁၈လခန့် သွားရောက်တာဝန်ယူ ဆောင်ရွက်ခဲ့ပါသေး တယ်။

“ရာဖေးဟာ အတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုရာမှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပိုင်ဆိုင်ထားနိုင်သူဆို တာထက် သူ့ရဲ့ အလုပ်အပေါ် ဆန္ဒပြင်းပြမှု၊နိုင်ပွဲဆာလောင်မှုတွေက ကလပ်အသင်းကို ပိုပြီး စိတ်ဝင်စားစေ ခဲ့ တာပါ။”လို့ အဲဗာတန်အသင်းက ထုတ်ပြန်လာခဲ့ပါတယ်။

Share

က္က