၂၀၁၈ကမ္ဘာ့ဖလားတုန်းကဆိုရင် ခရိုအေးရှားနဲ့ပွဲကို စောင့်ကြည့်သူ ၂၇သန်းကျော်ထိ ရှိခဲ့ပါသေးတယ်။

ကမ္ဘာ့နှင့်အဝှမ်းစောင့်ကြည့်ခဲ့ကြသူ သန်း ၂၀ကျော်ရှိခဲ့ပြီး ဒါဟာ စကော့တလန်နဲ့ပွဲတုန်းက ၁၈သန်းကျော်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်လို့ ယူကရိန်းနဲ့ပွဲမှာလည်း ထပ်မံ ကျော်ဖြတ်သွားအုံးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်း နေပါပြီ။

အင်္ဂလန်အသင်းက ဂျာမနီအသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဥ်ကို ကမ္ဘာပေါ် မှာ စိတ်ဝင်တစား စောင့်ကြည့်ခဲ့သူပေါင် သန်း ၂၀နှင့်အထက်မှာ ရှိခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



ပြီးခဲ့တဲ့ စကော့တလန်အသင်းနဲ့ အုပ်စုပွဲတုန်းကလည်း ဒီပွဲစဥ်ကို စောင့်ကြည့်ခဲ့သူ ကမ္ဘာတလွှားမှာ ၁၈သန်းကျော် ရှိခဲ့တယ်လို့ သိရပါသေးတယ်။

ဒါကြောင့် လက်ရှိအချိန်မှာဆိုရင် အင်္ဂလန် ၂-၀ ဂျာမနီပွဲစဥ်ဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်နေတဲ့ အစီအစဥ်တစ်ခုအနေနဲ့ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။

လာမယ့် ကွာတားဖိုင်နယ်ပွဲစဥ်အဖြစ် ကစားမယ့် ယူကရိန်းအသင်းနဲ့ ပွဲစဥ်မှာလည်း လက်ရှိတင်ထားတဲ့ ၂၀.၆ သန်း ဆိုတဲ့ စံချိန်ကို ထပ်မံ ကျော်ဖြတ်သွားအုံးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး ခံရတဲ့ နိုင်ငံ လက်ရွေးစင်အသင်း ပီပီ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲတုန်းကဆိုရင်လည်း ခရိုအေးရှားနဲ့ပွဲမှာ ၂၇.၅သန်းအထိ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါသေးတယ်။

ယခုအခါမှာတော့ ၁၉၆၆ နောက်ပိုင်း အဓိက ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ အင်္ဂလန်အသင်းကို ကမ္ဘာ ပေါ်က ဘောလုံးပရိသတ်တွေက အထူး စောင့်ကြည့်လျက်ရှိနေတာကို သတိထားမိနိုင်ပါတယ်။

ကျွမ်းကျင် ဘောလုံး သုံးသပ်သူတွေကလည်း ဒီတစ်ကြိမ်ဟာ အင်္ဂလန်အတွက် ယူရိုဆုဖလားကို ဆွတ်ခူး ဖို့ အကောင်းဆုံး အခိုက်အတန့်လို့ သုံးသပ်နေကြပါပြီ။

လက်ရှိမှာလည်း အင်္ဂလန်အသင်းအနေနဲ့ ကွာတားဖိုင်နယ်မှာ ကစားရမယ့် ယူကရိန်း အသင်းနဲ့ ယှဥ်မယ်ဆိုရင် လည်း လူအင်အားအရသော်လည်းကောင်း၊ ကမ္ဘာ့အဆင့် ရပ်တည်ထားနိုင်မှုအရသော်လည်းကောင်း၊ အသာရ နေတာက အားသာချက်တစ်ခုအဖြစ် ရှိနေပြန်ပါတယ်။

ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကိုလည်း အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘလေကွင်းကြီးမှာ ကျင်းပဖို့ စီစဥ်ထားတာကလည်း အင်္ဂလန်အတွက် နောက်ထပ် အားသာချက် တစ်ခု အဖြစ် ရှိနေပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က