မူလက ကနဦး သဘောတူညီမှုရထားနှင့်ပြီ ဖြစ်တာကြောင့် ဆန်ချိုဟာ အသင်းနှင့်အတူ ဆေးစစ်မှုတွေ ပြုလုပ် ခဲ့ထားနှင့်ပြီလို့လည်း သိရပြီး ယခုအခါ အပြီးသတ် သဘောတူညီမှု ရသွားတာလည်း ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် ဂျော်ဒန်ဆန်ချိုနှင့် အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ နှစ်ဖက် သဘောတူညီမှု ရသွားခဲ့ပြီလို့ BBC SPORTကဖော်ပြလာပါတယ်။
ဆန်ချိုဟာ လက်ရှိ အင်္ဂလန်အသင်းနှင့်အတူ ယူရို ၂၀၂၀ ပြိုင်ပွဲကို ပါဝင်ကစားနေပြီး ကနဦးအနေနဲ့ ပုဂ္ဂိုလ်ရေးအ ရ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဒေါ့မွန်နှင့်ယူနိုက်တက်တို့အကြား သဘောတူညီမှု ရထားနှင့်သူလည်း ဖြစ်ပါ တယ်။
ယခုအခါမှာတော့အ ပြီးသတ်အနေနဲ့ ဒေါ့မွန်အသင်းဖက်က ရယူလိုနေတဲ့ ပေါင် ၇၃သန်းကို မန်ယူနိုက်တက်က ပေးချေသွားတော့မှာလည်း ဖြစ်ပါတယ်။
ဒီတန်ကြေးကြောင့် ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ပြောင်းရွှေ့ကြေးသမိုင်းမှာ ဒုတိယမြောက် တန်ကြေးအ မြင့်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ဆန်ချိုကို မနှစ်က နွေရာသီကတည်းက ခေါ်ယူနိုင်ရေး ကြိုးစားခဲ့ပေမယ့်လည်း ပြောင်းရွှေ့ ကြေး ညှိနှိုင်းမှု အဆင်မပြေဖြစ်နေခဲ့လို့ အခုအခါမှသာ ခေါ်ယူနိုင်တာလည်း ဖြစ်ပါတယ်။
အသက် ၂၁နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ၁၃၇ပွဲ ကစားပေးအပြီး ၅၀ဂိုးသွင်းကာ ၅၇ဂိုး ဖန်တီး ပေးထားနိုင်သူ ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက်လည်း ၂၀၁၈ခုနှစ်က စတင်ပြီး ပွဲ ၂၀လောက် ကစားပေးထား နိုင်ပြီ ဖြစ်ပြီး ၃ဂိုး သွင်းယူပေးထားနိုင်ပါတယ်။