ဘယ်လ်ဂျီယံ၊ အီတလီ၊ အင်္ဂလန်တို့ထက် ကောင်းတယ်လို့တောင် ဆိုခဲ့တာပါ။

နောက်ဆုံး ၈ သင်းသာ ကျန်ရှိတော့ချိန်မှာ ၇ သင်းက စပိန်ထက်မကောင်းဘူးလို့ ပြောဆိုလိုက်တာဖြစ်ပြီး သူ့အသင်းအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိနေလဲဆိုတာကိုပါ ထုတ်ဖော်ပြသသွားခဲ့တာဖြစ်ပါတယ်။ 


ဒီနေ့ညမှာ ယူရိုကွာတားဖိုင်နယ်အဖြစ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမယ့် ပွဲမတိုင်ခင် စပိန်နည်းပြအင်းနရစ်က ယူရို ၂၀၂ဝမှာ စပိန်ထက်ပိုကောင်းတဲ့အသင်းကို သူမတွေ့မိဘူးလို့ ပြောဆိုလိုက်ပါတယ်။ နောက်ဆုံး ၈ သင်းသာ ကျန်ရှိတော့ချိန်မှာ ၇ သင်းက စပိန်ထက်မကောင်းဘူးလို့ ပြောဆိုလိုက်တာဖြစ်ပြီး သူ့အသင်းအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရှိနေလဲဆိုတာကိုပါ ထုတ်ဖော်ပြသသွားခဲ့တာဖြစ်ပါတယ်။ 

Photo : Marca

အင်းနရစ်က သူ့ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာ ရောက်နေတယ်လို့လည်း ရှင်းပြပြောဆိုခဲ့ပြီး သူတို့ရင်ဆိုင်ရမယ့် တခုတည်းသောပြသနာကတော့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာသာဖြစ်တယ်လို့ ဆိုပါတယ်။ စပိန်ဟာ အုပ်စုအဖွင့်နှစ်ပွဲဆက် သရေကျခဲ့ပေမယ့်လည်း နောက်ဆုံး ၂ပွဲဆက်တိုက် ငါးဂိုးစီ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

Photo : AS

ယူရို ၂၀၂၀ မှာ စပိန်ထက်ပိုကောင်းတဲ့အသင်းရှိလားဆိုတဲ့ မေးခွန်းကို အင်းနရစ်က "နိုး" လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ "လေ့ကျင့်ရေးကွင်းမှာ GPS က ပေးတဲ့ ကိန်းဂဏန်းတွေက တော်တော်လေးအထင်ကြီးစရာကောင်းပါတယ်၊ ပြသနာကတော့ စိတ်ပိုင်းဆိုင်ရာပြသနာပဲ ရှိတော့မှာပါ၊ တကယ်လို့ စိတ်ဓာတ်ပိုင်းသာ ကျွန်တော်တို့ကောင်းမွန်ခဲ့မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာကိုလည်း ပိုကောင်းအောင်လုပ်နိုင်မှာပါ"

Photo : Mirror

"ကျွန်တော့်အသင်းက အရမ်းအထင်ကြီးဖို့ကောင်းပါတယ်၊ အပြောင်းအလဲတွေလုပ်မလားဆိုတာကိုလည်း ကျွန်တော်မသိသေးပါဘူး၊ ၂၄ ဦးလုံး ကစားရနိုင်ပါတယ်၊ ဆွစ်ဇာလန်က အုပ်စုအဆင့်ကနေ လွန်မြောက်ခဲ့ပြီးတော့ အဆိုးရော၊ အကောင်းပါ တသင်းနဲ့တသင်း ကောင်းကောင်းသိနေပါတယ်၊ ဒီပွဲက ခက်ခဲမယ့်ပွဲဖြစ်လာမှာပါ၊ အုပ်စုတစ်ခုအနေနဲ့ သူတို့က ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ်၊ သူတို့ရဲ့ တိုက်စစ်နဲ့ ဖိအားပေးကစားပုံက တကယ်ကောင်းလို့ပါ"

Photo : ESPN

"ကျွန်တော်တို့ကလည်း ခံစစ်အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ်၊ ပေးခဲ့ရတဲ့ ဂိုးတွေကိုကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ အပြုအမူက အရမ်းကောင်းမွန်ခဲ့ပေမယ့် တစ်ဦးချင်းအမှားတချို့ကနေ ခွင့်ပြုခဲ့ရတာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဒီပွဲကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည ၁ဝး၃၀ နာရီမှာ ကစားမှာဖြစ်ပါတယ်။ 


Share

က္က