အသက် ၄၅နှစ်အရွယ် ဗီအဲရာဟာ ပဲလေ့စ်အသင်းနှင့်အတူ ၃နှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အာဆင်နယ် ကစားသမားဟောင်း ပတ်ထရစ် ဗီအဲရာကို အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်လိုက်တယ်လို့ BBC SPORTကဖော်ပြလာပါတယ်။
ယခင် နည်းပြကြီး ရွိုင်းဟော့ဆန် အသင်းက ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာကတည်းက အဆိုပါက အာ ဆင်နယ် အသင်းခေါင်းဆောင်ဟောင်းဟာ နည်းပြနေရာအတွက် ရေပန်းစားနေခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိ အသက် ၄၅နှစ်အရွယ် ဖြစ်နေပြီ ဖြစ်တဲ့ ဗီအဲရာဟာ ပဲလေ့စ်အသင်းနှင့်အတူ ၃နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။
“ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ခြေချခွင့်ရတာအတွက်ရော စိန်ခေါ်မှု အသစ်အတွက်ပါ အရမ်း စိတ်လှုပ်ရှား နေမိပါတယ်။ဒီအခွင့်အရေးက ကျွန်တော့်ကို အင်မတန်မှ ဆွဲဆောင်ခဲ့သလို ဥက္ကဌ၊အားကစားဒါရိုက်တာတို့နဲ့ လည်း လုပ်ငန်းစဥ်တွေကို အကြေအလည် ဆွေးနွေးခဲ့ရပါတယ်။”လို့ ဗီအဲရာက ထုတ်ဖော်ပြောလာပါတယ်။
၂၀၁၁ခုနှစ်မှာ ကစားသမားဘဝ အဆုံးသတ်ခဲ့တဲ့ ဗီအဲရာဟာ မန်စီးတီး အကယ်ဒမီနည်းပြအဖြစ် စတင်ခဲ့ပြီး မေဂျာလိဂ်နဲ့ ပြင်သစ်လိဂ်တို့မှာ နည်းပြအဖြစ် ကျင်လည်ခဲ့ပါတယ်။
ဗီအဲရာဟာ ကစားသမားဘဝက အာဆင်နယ်အသင်း၊နိုင်ငံအသင်းဖြစ်တဲ့ ပြင်သစ်အသင်းတို့နှင့်အတူ အောင်မြ မှုတွေ ရရှိခဲ့သူ ဖြစ်ပြီး နည်းပြဘဝမှာတော့ ဆုဖလားအောင်မြင်မှု မရသေးပါဘူး။
ဒါပေမယ့်လည်း သူ့အနေနဲ့ ပဲလေ့စ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်မှာ ဘယ်လို စွမ်းဆောင်ရည်ကောင်းတွေ ချပြ နိုင်မလဲဆိုတာကလည်း အထူး စိတ်ဝင်စားဖွယ် ရှိနေပါတယ်။