ဘာစီလိုနာအသင်းနှင့် စာချုပ် မရှိတော့သဖြင့် အလွတ်ခေါ်ယူနိုင်မှာပါ။

ဘာစီလိုနာအသင်းနှင့် စာချုပ်မရှိတော့တဲ့အတွက် မက်ဆီကို အလွတ်ခေါ်ယူခွင့်ရမှာ ဖြစ်ပြီးမက်ဆီအနေနဲ့ ကတော့ ဆုံးဖြတ်ချက် တစ်စုံတရာ မပေးလာသေးပါဘူး။

အသက် ၃၄နှစ်အရွယ် ဘာစီလိုနာနှင့် အားဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကို ပြင်သစ်က လပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ရေး တရားဝင် ကမ်းလှမ်းထားတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။



မနှစ်က နွေရာသီကတည်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းနေခဲ့တာ ဖြစ်ပေမယ့် ဘာစီလိုနာနှင့် မက်ဆီတို့ရဲ့ ချုပ်ဆို ထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး မြင့်မားလွန်းတာကြောင့် ပီအက်စ်ဂျီအသင်းဟာ စိတ်လျော့ထားခဲ့ရ တာပါ။

အခုအခါမှာတော့ မက်ဆီဟာ ဘာစီလိုနာနှင့် စာချုပ်မရှိတော့ပဲ လွတ်လပ်တဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီ ဖြစ် တာကြောင့် မည်သည့် ကလပ်အသင်းမဆို ကစားသမားနှင့် တိုက်ရိုက် ဆက်သွယ်ပြီး စာချုပ်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းနိုင်ပြီလည်း ဖြစ်ပါတယ်။

ယခုတစ်ပတ် အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မက်ဆီဟာ အသင်းပြောင်းဖို့ထက် ဘာစီလိုနာနှင့် သာ စာချုပ်သက်တမ်းသစ်တစ်ရပ်ကို ထပ်တိုးချုပ်ဆိုသွားမယ်လို့ သိရပါသေးတယ်။

ဒါပေမယ့်လည်း ASသတင်းဌာနရဲ့ ဖော်ပြလာချက်အရ ပြင်သစ်ကလပ် ပီအက်စ်ဂျီကလည်း မက်ဆီကို စာချုပ် ချုပ်ဆိုနိုင်ရေး ကမ်းလှမ်းထားတယ်လို့ ဆိုပြီး မြင့်မားပြီး မက်မောစေမယ့် လစာနှုန်းထားနဲ့ ကမ်းလှမ်းထားတယ် လို့ သိရပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း လက်ရှိမှာ အာဂျင်တီးနားအသင်းနှင့်အတူ ကိုပါအမေရိက ဖလားပြိုင်ပွဲကို ယှဥ်ပြိုင် နေလို့ ကလပ်အသင်းနှင့်ဆိုင်တဲ့ ကိစ္စတွေကို ဦးစားမပေးနိုင်သေးဘူးလို့လည်း ထုတ်ဖော်ပြောထားတာ ရှိပါ တယ်။

ဒါကြောင့် မို့လို့လည်း မက်ဆီထံက အပြောင်းအရွှေ့သတင်းတွေ ထုတ်ဖော်ပြောလာတာမျိုး မကြားရသေးပဲ ကလပ်အသင်းတွေဖက်ကသာ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာသာ မြင်တွေ့ရမှာပါ။

ဘာစီလိုနာအသင်းအနေနဲ့ကတော့ မက်ဆီသာ အသင်းနဲ့ ထပ်မံ လက်တွဲပါက အသင်းဖော်သစ်တွေဖြစ်တဲ့ အဂူရို၊ ဒီပေးတို့ကို ခေါ်ယူထားပေးပြီး မက်လုံးပေးထားပြီ ဖြစ်သလို ပီအက်စ်ဂျီအသင်းကလည်း တစ်ကမ္ဘာလုံးက မြင်ချင်နေတဲ့ ရော်နယ်ဒို၊ မက်ဆီ အတွဲကို ပုံဖော်ပေးနိုင်ဖို့ မက်ဆီအပြင် ရော်နယ်ဒိုကိုလည်း ခေါ်ယူမယ်ဆိုပြီး သတင်းကြီးကာ မက်ဆီကို မက်လုံးပေးထားပါတယ်။

Share

Loading Next Article...
က္က