ဆီမီးဖိုင်နယ်မှာ ဒိန်းမတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ယခင်အတွေ့အကြုံများအရ အကောင်းဆုံး ကြိုးစား ကစားလိုက်ရင် ဗိုလ်လုပွဲ တက်မယ်လို့လည်း ဟန်ဒါဆင်က ယုံကြည်နေပါတယ်။
ဒိန်းမတ်ကို အနိုင်ကစားပြီး ဗိုလ်လုပွဲ တက်ရမယ်လို့ ဟန်ဒါဆင်က ကြုံးဝါးပြောလာပါတယ်။
အင်္ဂလန်ဟာ အပြောနဲ့ အလုပ်ညီတယ်လို့ ဆိုရလောက်အောင် ခြေစွမ်းပိုင်းမှာလည်း လက်ရှိ အခြေအနေထိ အတည်ငြိမ်ဆုံး ဖြတ်သန်းပြထားတာတွေ့ရပါတယ်။
အုပ်စုပွဲကလည်းက ယနေ့ ဆီမီးဖိုင်နယ် ရောက်တဲ့အချိန်အထိ ပေးဂိုးမရှိ ရှုံးပွဲမရှိ ကစားထားနိုင်တဲ့ အသင်း လည်း ဖြစ်ပါတယ်။
၁၆သင်းအဆင့်မှာဆိုရင်လည်း နာမည်ကြီး ဂျာမနီကို ယူရိုမှာ အနိူင်မရတာ ကြာနေပြီဖြစ်တဲ့ မှတ်တမ်းဆိုးကို ပယ်ဖျက်ပြနိုင်ခဲ့ကာ ကွာတားဖိုင်နယ်မှာဆိုရင်လည်း ယူကရိန်းကို ၄-၀နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့တာပါ။
“အသင်းအနေနဲ့ အမြဲတမ်း တိုးတက်လာနေပြီး ကောင်းမွန်လာနေတယ်လို့ ခံစားရပါတယ်။နောက်တစ်ဆင့် အတွက်တောင် အဆင်သင့်ဖြစ်နေပြီလို့ ဆိုချင်ပါတယ်။ဒိန်းမတ်နဲ့ပွဲက တကယ်ကို ခက်ခဲမယ့်ပွဲဖြစ်လာမှာ ဆို ပေမယ့် သိပ်မကြာခင်က သူတို့နဲ့ ကစားထားတဲ့ အတွေ့အကြုံအရ အကောင်းဆုံးကြိုးစားကစားရင် ကျော် ဖြတ်နိုင်မှာပါ။”လို့ ဟန်ဒါဆင်က ဆိုပါတယ်။
အင်္ဂလန်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတဲ့ ထိပ်တန်းအသင်းကြီးစာရင်းမှာ နောက်ဆုံး ပိုင်း လောက်က ရှိနေခဲ့ပေမယ့် တကယ့်ပြိုင်ပွဲမှာတော့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ကျွမ်းကျင်သူတွေက တောင် အင်္ဂလန်အနေနဲ့ ဒီနှစ် ချန်ပီယံ မဖြစ်ရင် ဘယ်နှစ်မှာမှ ဖြစ်တော့မလဲဆိုတောင် သုံးသပ်နေကြပါပြီ။
အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်ကိုတော့ ဇူလိုင်လ ၈ရက် နံနက် ၁နာရီခွဲမှာ ယှဥ်ပြိုင် ကစားစေမှာဖြစ်ပါတယ်။