BytePlus လို့ နာမည်ပေးထားပါတယ်

နာမည်ကျော် Video Sharing ပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok ရဲ့ ဘေဂျင်းအခြေစိုက် မိခင်ကုမ္ပဏီ ByteDance ဟာ TikTok ရဲ့ AI ကို တခြားကုမ္ပဏီတွေဆီ ရောင်းချနေပြီလို့ Financial Times သတင်းမှာ ဖော်ပြထားပါတယ်။ 

ByteDance ဝက်ဘ်ဆိုက်မှာ TikTok ရဲ့ AI ကို ရောင်းတဲ့ဌာနကို BytePlus လို့ နာမည်ပေးထားပါတယ်။ BytePlus ရဲ့ ဖောက်သည်တွေထဲမှာ အမေရိကန်ဖက်ရှင် App ဖြစ်တဲ့ Goat ၊ စင်ကာပူခရီးသွားလာရေးဝက်ဘ်ဆိုက် WeGo ၊ အင်ဒိုနီးရှား ဈေးဝယ်ရေး App Chilibeli နဲ့ ချီလီအခြေစိုက် Social Gaming ပလက်ဖောင်း GamesApp တို့လည်း ပါဝင်ပါတယ်။ 



Photo: Yahoo Finance

TikTok ကို နာမည်ကျော်စေတာက ဒီ App မှာ ပါတဲ့ ထောက်ခံချက်ပေးတဲ့ Recommendation Algorithm ဖြစ်ပါတယ်။ BytePlus မှာလည်း ဖောက်သည်တွေကို TikTok Recommendation Algo ယူသုံးခွင့်ပေးထားပြီး ကိုယ့် App နဲ့ ဝယ်သူပေါ်လိုက်ပြီး Personalise လုပ်နိုင်မယ်လို့ ဆိုပါတယ်။ BytePlus မှာ အလိုအလျောက်စကားနဲ့ စာသား ဘာသာပြန် စနစ် ၊ Real-Time Video Effects နဲ့ Data Analysis Tools တွေလည်း ထုတ်ပေးထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ကုမ္ပဏီရဲ့ Blog Post ထဲမှာ ForYou ဆိုတဲ့ Feed တစ်ခု ပါလာပြီး ဒီ feature ဟာ ဘယ်ဗွီဒီယိုကို ဘယ် Users ဆီ ပေးမယ်ဆိုတာ ဆုံးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ BytePlus ရဲ့ အကြံပြုချက်တွေဟာ ဘယ်ဗွီဒီယိုကို လူတွေ ကြိုက်သလဲ ၊ Share လဲ ၊ ဘယ်လို ဗွီဒီယိုတွေ ဖန်တီးတယ် ၊ ဘယ်ထုတ်ကုန်နဲ့ အကောင့် Settings နဲ့ သုံးသလဲ ၊ ဘယ်ဘာသာစကား နဲ့ သုံးပြီး ဘယ် Location Settings ထားသုံးသလဲဆိုတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး တွက်ချက်တာပါ။

ByteDance နဲ့ TikTok တို့ဟာ တရုတ်အခြေစိုက် လူမှုကွန်ရက်ကုမ္ပဏီတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ တရုတ်ပိုင် Apps တွေကို အမေရိကန် App Stores ကနေ ပိတ်ပင်ဖို့ ပစ်မှတ်ထားခံခဲ့ရတဲ့ အထဲမှာ TikTok လည်း ပါခဲ့ပါတယ်။ သမ္မတဘိုင်ဒင်လက်ထက်မှာတော့ ဒီပိတ်ပင်မှုကို ရုပ်သိမ်းခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က