ပွဲရလဒ်အပေါ် လက်မခံနိုင်ပဲ ငိုကြွေးခဲ့တဲ့ ကလေးငယ် အမျိုးသမီးလေးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ထက်မှာ လျင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့ပြီး အချို့ လူမှုကွန်ရက် အသုံးပြုသူ အချို့ဟာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ သုံးနှုန်းပြီး ကလေးငယ်ရဲ့ ပုံကို တင်ခဲ့တာမျိုးတွေလည်း ရှိလာပါတယ်။
အင်္ဂလန်ကို ၁၆သင်းအဆင့် ရှုံးထွက်အဆင့်မှာ ၂-၀နဲ့ အရေးနိမ့်ခဲ့တဲ့အတွက် ဂျာမနီအသင်းရဲ့ အမျိုးသမီး ကလေး ငယ် တစ်ဦးဟာ ကွင်းအတွင်း ဝမ်းနည်းကြေကွဲစွာ ငိုခဲ့တဲ့ ဓာတ်ပုံတွေဟာ ကမ္ဘာ့အလည်မှာ ဂရုဏာသက်ဖွယ် ဖြစ် ခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ ဂျာမနီကို ၂-၀နဲ့ အနိုင်ရခဲ့လို့ ဂျာမနီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၁၆သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ကွင်းလယ်ကစားသမား ခရူးစ်ဟာလည်း နိုင်ငံ လက်ရွေးစင် ကစားသမားဘဝကနေ စိတ်ပျက်စွာ ဖြင့် အနားယူသွားခဲ့ပါတယ်။
ဒီပွဲရလဒ်အပေါ် လက်မခံနိုင်ပဲ ငိုကြွေးခဲ့တဲ့ ကလေးငယ် အမျိုးသမီးလေးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ထက်မှာ လျင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့ပြီး အချို့ လူမှုကွန်ရက် အသုံးပြုသူ အချို့ဟာ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ သုံးနှုန်းပြီး ကလေးငယ်ရဲ့ ပုံကို တင်ခဲ့တာမျိုးတွေလည်း ရှိလာပါတယ်။
ဒီအပေါ်မှာတော့ ရန်ပုံငွေ ရှာဖွေရေးသမားတစ်ဦးဖြစ်တဲ့ ဂျိုးလ်ဟုချ်ဟာ JustGivingပေ့ချ်ကတဆင့် ကလေး ငယ်အတွက် ရန်ပုံငွေ ရှာဖွေပေးလာတာပါ။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဂျာမနီအသင်းကို အင်္ဂလန်အသင်းက အနိုင်ယူခဲ့တဲ့အတွက်ရော သူ့ပုံနှင့်တကွ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေတင်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ သူတချို့ကြောင့် ကလေးငယ်ရဲ့ စိတ်ထဲမှာ ဗြိတိန် လူမျိုးတွေအပေါ်မှာ နာကျည်းစိတ်မဖြစ်ပေါ်ရေးနဲ့ ဗြိတိန် လူမျိုးတွေက အနိုင်ယူတတ်တဲ့ သူတွေ ချည်းမဟုတ်ပဲ မေတ္တာပြည့်ဝကြပါတယ်ဆိုတဲ့ အသိစိတ် ကလေးငယ်ထံ ရောက်စေလိုတာကြောင့် လို့လည်း သိရပါတယ်။