WiFi နာမည်မှာ % သင်္ကေတ သုံးထားတဲ့ တချို့ကွန်ရက်တွေဟာ iPhone ပေါ်က WiFi ဝန်ဆောင်မှုကို သုံးမရအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးသုတေသီတစ်ဦးဟာ iPhone နဲ့ တခြား iOS ထုတ်ကုန်တွေပေါ်က WiFi တွေကို diable ဖြစ်သွားစေတဲ့ အားနည်းချက်ကို တွေ့ရှိခဲ့ပါတယ်။ 

ကားလ်ရှဟောင်းဆိုသူက သူ့တွေ့ရှိချက်ကို Twitter မှာ တင်ခဲ့တာပါ။ ဒီသုတေသီရဲ့အဆိုအရ WiFi နာမည်မှာ % သင်္ကေတ သုံးထားတဲ့ တချို့ကွန်ရက်တွေဟာ iPhone ပေါ်က WiFi ဝန်ဆောင်မှုကို သုံးမရအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ 




Photo: 9to5 Mac

ရှဟောင်းရဲ့ Tweet အရ iPhone တစ်လုံးဟာ %secretclub%power ဆိုတဲ့ နာမည်ပေးထားတဲ့ Network Range အတွင်းမှာ WiFi ကို သုံးလို့ မရသလို တခြား ဆက်စပ်တဲ့ features တွေလည်း အလုပ်မလုပ်ဘူးလို့ ဆိုပါတယ်။ Network Settings ကို ပြန်ပြီး Reset ချပြီးတာတောင် Bug ဟာ ဆက်ရှိနေပြီး WiFi ကို သုံးမရအောင် ဖြစ်စေတယ်လို့ပါ ပြောထားပါတယ်။

ဒီအချက်ကို ရှဟောင်းနဲ့ သူရဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Secret Club တို့က တွေ့ရှိခဲ့တာပါ။ iPhone တလုံးဟာ %p%s%s%s%s%n ဆိုတဲ့ SSID Name နဲ့ ကွန်ရက်တစ်ခုကို ချိတ်လိုက်ရင် WiFi disable ဖြစ်ပြီး AirDrop လိုမျိုး system ကွန်ရက်လုပ်ဆောင်မှုတွေလည်း သုံးလို့ မရအောင် ဖြစ်သွားတယ်လို့ တွေ့ခဲ့တာပါ။ 

9to5Mac ရဲ့ အဆိုအရ % သင်္ကေတဟာ Programming မှာ Variable တွေကို output string တစ်ခုအဖြစ် ပြောင်းဖို့ သုံးလေ့ရှိတဲ့ character တစ်ခု ဖြစ်လို့ WiFi Name (SSID) မှာ ဒီသင်္ကေတကို သုံးတာဟာ memory မှတ်သားမှု ပျက်ပြီး iOS စနစ်က လုပ်နေတဲ့ process ကို ဖျက်သိမ်းလိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီမှတ်ချက်အရ WiFi name ကြောင့် အခုလို bug တက်လာရင် ကွန်ရက်နာမည်မှာ ရာခိုင်နှုန်းသင်္ကေတကို ‌မသုံးဘဲ ရှောင်ရင် အဆင်ပြေဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က