ယခုပြိုင်ပွဲမှာ ၃ဂိုးသွင်းထားပါတယ်။

ကိန်းဟာ အုပ်စု ၃ပွဲမှာ ဂိုးမရပေမယ့် ရှုံးထွက် နှစ်ပွဲမှာတော့ ၃ဂိုးထိ ရရှိအောင် သွင်းထားနိုင်လို့ ယခုနှစ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို မျှော်လင့်နေနိုင်ပါသေးတယ်။

ဒိန်းမတ်အသင်းဟာ ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁နာရီခွဲ)မှာ နာမည်ကြီး အင်္ဂလန် အသင်းနဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲအဖြစ် ယှဥ်ပြိုင်ကစားရတော့မှာပါ။



ဒီအချိန်မှာတော့ ပြိုင်ဖက် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိန်းကို သတိကြီးကြီးထားရမှာ ဖြစ်ပြီး သူဟာ ရော်နယ်ဒိုကဲ့သို့ ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး ဖြစ်သလို ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိသူ လို့လည်း ဒိန်းမတ်အသင်းရဲ့ နည်းပြဟောင်းတစ်ဦး ဖြစ်သူ အေ့ဂျ်ဟာရိုက်ဒီက သတိပေးပြောဆိုလာပါတယ်။

အေ့ဂျ်ဟာ ဒိန်းမတ်အသင်းကို ယခုကစားနေတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်အောင် ခြေစစ်ပွဲတစ်လျှောက် တာဝန်ယူခဲ့သူ ဖြစ်ပြီး ခြေစစ်ပွဲအောင်ပြီးနောက် အဖွဲ့ချုပ်နှင့် ချုပ်ဆိုထားတဲ့ စာချုပ် ပြည့်သွားလို့ လမ်းခွဲခဲ့သူ ဖြစ်ပါတယ်။

ယခုအခါ အုပ်စုတွင်း ဂိုးလုံးဝမရခဲ့ပေမယ့် ရှုံးထွက်နှစ်ပွဲမှာ ၃ဂိုးထိ ရရှိအောင် စွမ်းဆောင်ပြထားတဲ့ အင်္ဂလန် တိုက်စစ်မှူး ကိန်းကို အေ့ဂျ်က သတိကြီးကြီး ပေးနေတာပါ။

“ဘောလုံးကို လှည့်စားနိုင်သလို မထင်မှတ်ပဲ တစ်ချက်ထိဘောနဲ့လည်း ဂိုးအဖြစ် ချက်ခြင်း အသွင်းပြောင်းယူနိုင် သူပါ။”လို့ အေ့ဂျ်က သတိပေးလာခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက်တော့ အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာ အိမ်ကွင်းအဖြစ် လက်ခံ ကစားရမှာ ဖြစ်လို့ အဖက် ဖက်က အသာရနေသလို ဒိန်းမတ်အသင်းကလည်း အဖွင့်ပွဲမှာ ဖင်လန်ကိုရှုံးတုန်းက ကစားဖော် အဓိက ကစားသမား အဲရစ်ဆင် နှလုံးရပ်ပြီး အသက် ဆုံးရှုံးရမလိုထိ ဖြစ်ထားလို့ တစ်သင်းလုံးက ရေကုန် ရေခမ်း ပေးဆပ် ကြိုးစားကစားနေကြတာပါ။

ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲဟာ သူတစ်ပြန်ကိုယ်တစ်ပြန် ဖြစ်နေမလား ကိန်းရဲ့ သွင်းဂိုးတွေကို မြင်ရမလားဆိုတာတွေကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။

အေ့ဂျ်တင်စားတဲ့ ရော်နယ်ဒိုကတော့ ၁၆သင်းအဆင့်မှာပင် ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အုပ်စု တွင်း ၅ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးခဲ့နိုင်မှုက လက်ရှိအချိန်မှာ ဂိုးသွင်းဘုရင်ဆုအတွက် ထိပ်ဆုံးက ရေပန်း စားနေပါတယ်။

Share

Loading Next Article...
က္က