Facebook ဟာ လက်ရှိမှာ ထရမ့်ကို အနည်းဆုံး လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ပိတ်ပင်ထားဖို့ စီစဉ်ထားတာပါ။

လူမှုကွန်ရက်ကုမ္ပဏီတွေနဲ့ ပြဿနာရှိခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန် Social Media ကုမ္ပဏီ ၃ ခုနဲ့ သူတို့ရဲ့ CEO တွေကို တရားစွဲဖို့ ပြင်နေတယ်လို့ ကြေညာလိုက်ပါတယ်။ 

နယူးဂျာစီပြည်နယ် ဘက်မင်စတာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားစွဲမယ့်အကြောင်းကို အတိအလင်းကြေညာလိုက်တာပါ။ ဒီတရားစွဲမှုဟာ နောက်ကွယ်ကနေ တိတ်တဆိတ် ပိတ်ပင် Ban တာကို အဆုံးသတ်မှာ ဖြစ်ပြီး ကိုယ်ကောင်းကောင်းသိတဲ့အကြောင်းအရာကို နှုတ်ပိတ်ထား ၊ ပယ်ဖျက်ခံထားရတဲ့အပေါ် ရပ်တန့်တဲ့ လုပ်ရပ်ကို ဦးတည်မှာလို့လည်း သမ္မတဟောင်းက ကတိပေးပြောကြားလိုက်တာပါ။




Photo: denverpost

သမ္မတဟောင်း ထရမ့်ဟာ Facebook ၊ Twitter နဲ့ YouTube တို့ကို ဦးတည်ပြီး ဆင်ဆာဖြတ်ခံရသူများကိုယ်စား တရားစွဲသွားမှာ ဖြစ်ပြီး ဒီကုမ္ပဏီတွေရဲ့ CEO တွေ ဖြစ်တဲ့ မတ်ခ်ဇူကာဘတ် ၊ ဂျက်ဒေါ်ဆီနဲ့ ဆွန်ဒါပီချိုင်းတို့ကိုပါ တရားစွဲမှာ ဖြစ်ပါတယ်။ 

"အမေရိကန်လူထုအပေါ် လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ ဥပဒေမဲ့ ရှက်စရာကောင်းတဲ့ Censorship ကို ချက်ချင်း ရပ်တန့်ရေးအတွက်" လို့ ထရမ့်က ဘက်မင်စတာမှာ ရှိတဲ့ သူ့ဂေါ့ဖ်ကလပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ကျုပ်တို့ရဲ့ အမှုတွဲကနေ ဒီလို ဆင်ဆာဖြတ်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုတာကို သက်သေပြသွားပါမယ်"

ဇန်နဝါရီ ၆ ရက် သမ္မတသစ် အာဏာအပ်ပွဲအတွင်း အမေရိကန် Capitol ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်းမှာ Twitter နဲ့ Facebook တို့ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကနေ ထရမ့်ကို ဆိုင်းငံ့ဖြုတ်ချခဲ့ပါတယ်။ 

"ဒီကာလအတွင်း သမ္မတကို ကျွန်တော်တို့ ဝန်ဆောင်မှု ဆက်သုံးခွင့်ပြုထားရင် အန္တရာယ် သိပ်ကြီးတယ် " လို့ အဲ့ဒီအချိန်က Facebook CEO မတ်ခ်ဇူကာဘတ်က ပြောကြားခဲ့ပါတယ်။ သမ္မဟောင်းအပေါ် အခုလို လူမှုကွန်ရက်သုံးခွင့် ဆိုင်းငံ့တာဟာ လျော်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ Facebook ရဲ့ Oversight Board အဖွဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် နှစ်လကျော်အကြာမှာ အခုလို တရားစွဲတဲ့ကိစ္စပေါ်လာတာပါ။

Facebook ဟာ လက်ရှိမှာ ထရမ့်ကို အနည်းဆုံး လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ပိတ်ပင်ထားဖို့ စီစဉ်ထားတာပါ။ 

Share

Loading Next Article...
က္က