နောက်ပိုင်းမှာ Triller ဟာ TikTok ကို ခြိမ်းခြောက်နိုင်မယ် ပလက်ဖောင်းဖြစ်လာဖို့ ရှိပါတယ်။

TikTok ဆက်မသုံးဖို့ စိတ်ကူးထားတယ် ၊ ဒါပေမယ့်လည်း Video Clip တိုလေးတွေ တင်လို့ရမယ့် App လည်း သုံးချင်တယ် ဆိုရင် Triller ကို သုံးဖို့ အကြံပြုချင်ပါတယ်။ 


Ban ခံထိလာတဲ့ TikTok


Photo; Vox



လောလောဆယ် TikTok ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ Ban ထားတဲ့ နိုင်ငံ ၂ ခု ရှိပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဖြစ်ပါတယ်။ အိန္ဒိယကတော့ တရုတ်နဲ့ နယ်စပ်အရေးအခင်း ပြဿနာဖြစ်ပြီးနောက် TikTok နဲ့ WeChat အပါအဝင် တရုတ် Apps ပေါင်း ၂၂၄ ခုကို ပိတ်ခဲ့တာပါ။ ပါကစ္စတန်မှာ TikTok ကို ပိတ်ရတဲ့ အကြောင်းရင်းဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု ၊ လူနေမှုပုံစံကို ချိုးဖောက်ရာရောက်လို့ ဖြစ်ပါတယ်။ 


ဒီနှစ်နိုင်ငံအပြင် TikTok ကို ပိတ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေ့ချ် နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း တရုတ်ထုတ်ကုန်တွေ Boycott လုပ်ဖို့ နှိုးဆော်တိုက်တွန်းမှုတွေ ရှိနေတာ ဖြစ်လို့ TikTok သုံးမယ့်အစား အလားအလာကောင်းတွေ ရှိနေတဲ့ အမေရိကန် Video-Sharing ပလက်ဖောင်း Triller ကို ပြောင်းသုံးဖို့ Recommend ပေးချင်ပါတယ်။ 


Triller က AI-Powered Editing စနစ်တွေနဲ့ လာတဲ့ ဗွီဒီယိုပလက်ဖောင်း ဖြစ်ပြီး နာမည်ကြီး Music & Media ကုမ္ပဏီတွေ ဖြစ်တဲ့ Proxima Media ၊ Sony Music ၊ Warner Music နဲ့ Universal အပါအဝင် တခြား Investors တွေ ပိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ Triller ဟာ Spotify နဲ့ Apple Music တို့လို Music Streaming Services တွေနဲ့လည်း တရားဝင် မိတ်ဖက်လုပ်ထားလို့ လိုင်စင်ရထားတဲ့ Music ရဲ့ ၉၇% ကို ပိုင်ထားပါတယ်။ ဒါက TikTok မှာဆို ပြဿနာတက်နေတဲ့အပိုင်း ။


TikTok vs Triller ဘာတွေ ကွာသလဲ

Photo: mashable


Video Sharing ပလက်ဖောင်းချင်း တူပေမယ့် TikTok မှာ လူကိုယ်တိုင် App ထဲမှာ ဝင်ပြီး ဗွီဒီယို Edit ပြင်ရတဲ့ Manual in-app editing သုံးပြီး Triller မှာ AI နည်းပညာနဲ့ အလိုအလျောက် Video တည်းဖြတ်နိုင်မယ့် Tool ကို သုံးထားပါတယ်။ TikTok မှာ သီချင်းကို ၁၅ စက္ကန့်စာပဲ သုံးလို့ရပေမယ့် Triller မှာ Full Tracks ပေးထားပါတယ်။ Content အနေနဲ့လည်း TikTok ဟာ ကိုယ်ချိတ်ထားတာနဲ့ ကိုက်ညီတဲ့ Content ကိုပဲ AI သုံးပြီး ဆွဲထုတ်ပြပါတယ်။ Triller ကတော့ အသစ်ထွက်လာတဲ့ ဗွီဒီယိုတွေနဲ့ လူကြိုက်အများဆုံးဆိုတဲ့ Content တွေကို ဆွဲထုတ်ပြပါတယ်။ 


Triller ဝန်ဆောင်မှုဟာ ၂၀၁၅ မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ‌Short-Video Social medi‌a အတွေ့အကြုံကနေ နောက်ပိုင်းမှာ အားကစားအသင်းတွေနဲ့ မိတ်ဖက်ပြုပြီး Sports နဲ့ Music ပိုင်း Contents တွေ ပိုပြီး ဖန်တီးမှုလုပ်ဖို့လည်း ပြင်ဆင်နေတာပါ။ CNBC ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၀ အထိ အမေရိကန်မှာ TikTok နေ့စဉ်သုံးသူ သန်း၅၀ ခန့် ရှိထားပြီး Triller မှာ နေ့စဉ် သုံးနေတဲ့ active users ၂၇ သန်းပဲ ရှိတယ်ဆိုပေမယ့် နောက်ပိုင်းမှာ Triller ဟာ TikTok ကို ခြိမ်းခြောက်နိုင်မယ် ပလက်ဖောင်းဖြစ်လာဖို့ ရှိပါတယ်။


Triller ဘယ်လိုသုံးကြမလဲ



TikTok လိုပဲ Triller Videos တွေကို ကြည့်ဖို့အတွက်တော့ အကောင့်မလိုပါဘူး။ ကိုယ်တိုင် ဗွီဒီယိုတွေ ဖန်တီးတာ ၊ တခြား Users တွေ Follow လုပ်တာ ၊ Like & Comment ပေးတာတွေ လုပ်ဖို့အတွက်ဆို Triller မှာ အကောင့်ဖွင့်ရမှာပါ။ Triller App ကို Android ၊ iOS ပလက်ဖောင်းနှစ်မျိုးစလုံးမှာ သုံးနိုင်ပါတယ်။ သုံးမယ်ဆိုရင် ကိုယ့်ဖုန်းထဲက Triller App ကို ဖွင့်ပြီး ညာဘက်အောက်ခြေက Profile icon လေးကို ဝင်နှိပ်ပြီး Register ဒါမှမဟုတ် Log In ဖွင့်ရမှာ ဖြစ်ပါတယ်။


Photo; lifewire


Triller Video တွေ ဖန်တီးမယ်ဆိုရင် ရိုက်ပြီးသား ဗွီဒီယိုကို သုံးနိုင်သလို App မှာ ပါလာတဲ့ ကင်မရာသုံးပြီး Clips တွေ ဖန်တီးလို့ ရပါတယ်။ Triller ဗွီဒီယိုတွေ ထုတ်ဖို့ app ထဲကနေ Screen အောက်ခြေမှာ ရှိတဲ့ ပန်းရောင် Plus Sign ကို နှိပ်ဝင်ရပါတယ်။ ဗွီဒီယိုလုပ်ဖို့ Social Video ကို ရွေးရမှာပါ။ Music Video လုပ်ဖို့ဆိုရင် ဘေး section ကို ဝင်ရမှာပါ။ ပြီးရင် ရုပ်သံကင်မရာ သင်္ကေတလေးနှိပ်ပြီး Recording ယူရမှာပါ။


Recording လုပ်ပြီးရင် Stop သင်္ကေတလေးကို နှိပ် ၊ Next ကို သွားရပါတယ်။ thumbnail ကို နှိပ်ပြီး edit လုပ်လို့ ရပါတယ်။ TikTok သုံးသူတွေအတွက် Triller သုံးတာ ဘာမှ အခက်တွေ့စရာမရှိပါဘူး။ Music ဆိုတဲ့ tab မှာ Content creators တစ်ဦးချင်းစီ manual ပြင်ထားတဲ့ သီချင်းဗွီဒီယိုတွေ ၊ Triller ရဲ့ AI Editing features သုံးပြီး ဖြတ်ထားတဲ့ Music Videos တွေ ပြပေးမှာပါ။ 


ကိုယ်ဖန်တီးထားတဲ့ Triller Videos တွေကို Facebook ၊ Twitter ၊ Instagram ၊ WhatsApp တို့ပေါ်မှာလည်း ပြန် Share လို့ ရပါတယ်။ Share မယ်ဆိုရင် app ရဲ့ ညာဘေးဘောင် menu ပေါ်က မြားပုံစံ icon ကို နှိပ်ပြီး သွားရမှာပါ။ ဘေးဘောင် menu အောက်ဆုံးက Music Icon က Apple Music ကို တိုက်ရိုက်သွားတဲ့ link ဖြစ်လို့ Edit ဖြတ်ရာမှာ ပိုလွယ်အောင် Apple Music တို့ Spotify အကောင့်တို့နဲ့ ကိုယ့် Triller အကောင့်တွေကို Sync ဖြစ်အောင် ချိတ်ထားနိုင်ပါတယ်။ 

Photo: The Independent

ဘေးဘောင် menu ရဲ့ ၆ ခုမြောက်က နောက်ခံအသံတွေ သုံးထားတဲ့ Triller ဗွီဒီယိုတွေအကုန်ကို စုထားတဲ့နေရာကို ပြသွားမှာပါ။ ဥပမာ အမေရိကန် Social Media Influencer နဲ့ အဆိုတော် Dixie D'Amelio ရဲ့ လူပြောများနေတဲ့ Be Happy သီချင်း သုံးထားတဲ့ ဗွီဒီယိုတွေအားလုံးကို တစ်နေရာတည်းမှာ ကြည့်နိုင်တာမျိုး ဖြစ်ပါတယ်။ TikTok နဲ့ မတူတာက ဗွီဒီယိုပေါ်မှာ Creators ရဲ့Usernames အောက်မှာ Follow လုပ်ဖို့ button တစ်ခု ထည့်ပေးထားတာပါပဲ။


အခုလောက်ဆို Triller နဲ့ အတော်ကြီး ရင်းနှီးသွားပြီလို့ ထင်ပါတယ်။ Triller App ကို Google Play Store ပေါ်မှာ ရှာမရသူတွေအတွက် ဒီလင့်ခ်လည်း ချပေးလိုက်ပါတယ်။


https://play.google.com/store/apps/details?id=co.triller.droid&utm_source=lll1288.com&fbclid=IwAR16sZqHAdnQw4MnrqXnDfNUNE1nFjJohFLTl48paiZJ55eUGLIROOB3LGY


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က