၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

၂၀၂၃ ခုနှစ်အထိ ပြင်သစ်ကလပ်မှာ ကစားမှာဖြစ်တာကြောင့် သူ့အသက် ၃၇ နှစ်အရွယ်အထိ ပဲရစ်မှာ ဆက်လက်ကျင်လည်သွားတော့မှာလည်း ဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းကနေ အလွတ်ထွက်ခွာခဲ့တဲ့ ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကို တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ ပြင်သစ်ကလပ်မှာ ကစားမှာဖြစ်တာကြောင့် သူ့အသက် ၃၇ နှစ်အရွယ်အထိ ပဲရစ်မှာ ဆက်လက်ကျင်လည်သွားတော့မှာလည်း ဖြစ်ပါတယ်။ 

ဒီနေ့မှာပဲ သူ့ရဲ့အပြောင်းအရွှေ့ကို တရားဝင်အတည်ပြုခဲ့တာဖြစ်ပြီး ရာမို့စ်ကလည်း လူမှုကွန်ရက်ကတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ရီးရဲလ်မှာ ၁၅ နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သစ်ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့တဲ့ ရာမို့စ်ဟာ လမ်းခွဲခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီက မြန်မြန်ဆန်ဆန်ပဲ ချဉ်းကပ်ကမ်းလှမ်းခဲ့ကာ စိန်ခေါ်မှုအသစ်တွေကို နယ်မြေအသစ်မှာ ရာမို့စ်က ရင်ဆိုင်တော့မှာဖြစ်ပါတယ်။

"အိပ်မက်တွေကို ဆက်ပြီးရှင်သန်ဖို့အတွက် အကောင်းဆုံးနေရာပါ၊ အရာအားလုံးအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ" လို့လည်း ရာမို့စ်က ရေးသားပြောဆိုခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ ပြီးခဲ့့တဲ့ရာသီက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ပွဲအများစုကိုလွဲချော်ခဲ့ရသလို ယူရိုပြိုင်ပွဲမှာလည်း စပိန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအတွက်တော့ ဥရောပရဲ့အကောင်းဆုံးခံစစ်မှူးတစ်ဦး၊ အတွေ့အကြုံရင့်ကျက်သူ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူတစ်ဦးကို အလွတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟာကီမီ နဲ့ ဒွန်နာရမ်မာကိုလည်း ခေါ်ယူထားပြီးဖြစ်တာကြောင့် တော်တော်လေးအင်အားတောင့်တင်းနေပြီဖြစ်ပြီး ဥရောပအောင်မြင်မှုအိပ်မက်တွေကို ရယူဖို့အတွက် အကောင်းဆုံးပြင်ဆင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က