အင်္ဂလန်အနေနဲ့ ယူရိုပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်တာပါ။

ကိုဗစ် သတ်မှတ်စည်းကမ်းများကြောင့် ပရိသတ် ၉သောင်းထိ ဝင်ရောက် အားပေးနိုင်ဖို့ အခက်ဖြစ်နေပေမယ့် အင်္ဂလန်ရဲ့ သမိုင်းဝင် အောင်မြင်မှုရဖို့ ဝန်ကြီးချုပ် ဘောရစ် ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာ အထူး စိတ်ဝင် စားစွာ စောင့်ကြည့်ရတော့မှာပါ။

၂၀၂၀ ယူရို ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာ ယှဥ်ပြိုင်ကစားမှာ ဖြစ်ပြီး ဒီကွင်းဟာ ပရိသတ် ၉သောင်းထိ ဝင်ဆံ့တဲ့ အားကစားကွင်းကြီးလည်း ဖြစ်ပါတယ်။



ဒါပေမယ့် ကိုဗစ်ကြောင့် ပရိသတ် ၉သောင်းစလုံး ဝင်ရောက်အားပေးနိုင်ဖို့ အခက်တွေ့နေရပြီး ဒီအခြေအနေဟာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့သာ သက်ဆိုင်နေပါတယ်။

ဒါပေမယ့်လည်း ဝန်ကြီးချုပ် ဘောရစ်ကတော့ ဒီလို ၉သောင်းပြည့် အားပေးဖို့ကိုတော့ အားမပေးခဲ့ပဲ ကိုဗစ်ကို လိုက်နာကြဖို့ ဆန္ဒပြုခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁မှာ ကျင်းပမယ့် ဒီဗိုလ်လုပွဲဟာ ဗြိတိန်မှာ ကိုဗစ်သတ်မှတ်ချက် အဆင့် ၃၊၄အထိ ရှိခဲ့လို့ တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးမှာ နေထိုင်ရမယ့် အခြေအနေမှ လွတ်မြောက်တော့မယ့် ၈ရက်မတိုင်မီ စော ကျင်းပမယ့် ပွဲလည်း ဖြစ်ပါတယ်။

ရက်စော ကျင်းပမှာ ဖြစ်ပေမယ့်လည်း အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုအတွက် ဒီအခြေအနေကို ဖြေလျော့ သတ်မှတ်ပေးဖို့ရှိတယ်လို့ ဒေးလီးမေးလ်က သုံးသပ်ဖော်ပြလာပါတယ်။

ဝင်ဘလေကွင်းကြီးမှာ ဘောလုံးပွဲတွေအပြင် ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၊တင်းနစ်ပြိုင်ပွဲတို့ကိုပါ ပရိသတ် အများအပြားနဲ့ ကိုဗစ် သတ်မှတ်စည်းကမ်းတွေနဲ့အညီ လက်ခံ ကျင်းပနေတာပါ။

ဒီအလိုအချိန်မှာ ဝင်ဘလေကွင်းအတွင်း ပရိသတ် ၉သောင်း ဝင်ရောက် အားပေးနိုင်ဖို့အတွက် သိပ္ပံပညာရှင်များ၊ ပြည်တွင်း အာဏာပိုင်အဖွဲ့အစည်းများ၊ကျန်းမာရေး အဖွဲ့အစည်းများရဲ့ ခွင့်ပြု သဘောတူညီမှု လိုနေပါတယ်။

ဒါကြောင့် ဗြိတိန်ဝန်ကြီးချုပ်အနေနဲ့ အင်္ဂလန်ရဲ့ သမိုင်းဝင် အောင်မြင်မှုအတွက် ပြည်သူ့အလိုကိုလိုက်ပြီး စိတ်ပြောင်းသွားလေ မလား၊ ကျန်းမာရေး စည်းမျဥ်းတွေအရ သတ်မှတ်စည်းကမ်းအတိုင်းပဲ ခွင့်ပြုမလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရအုံးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က