သွေးကင်ဆာ ဝေဒနာသည်ကို ကူညီခဲ့တာပါ။

ဆီမီးဖိုင်နယ်မတိုင်မီ ၆ပတ်ခန့်အလိုက ရိုးတွင်းချင်ဆီ လှူဒါန်းခဲ့တာ ဖြစ်ပြီး အဲ့ဒီအတွက် ဆီမီးဖိုင်နယ်ကို ကွင်းထဲ ကြည့်ရှုခွင့် ဆုံးရှုံးခဲ့ရပါတယ္။

ဆမ်အက်စ်တ်လေဆိုတဲ့ လူငယ်လေးဟာ အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ကို ကွင်းအတွင်း ကြည့်ရှုခွင့် ရခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆေးရုံ ကုတင်ပေါ်ကနေသာ အားပေးခဲ့ရပါတယ်။



အင်္ဂလန်ပွဲကို ကြည့်ဖို့ စီစဥ်ပြီးခါမှ ကုသိုလ်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လူငယ်လေးရဲ့ ဆုံးဖြတ်ချက်ကို အားကစား ကျွမ်းကျင်း သုံးသပ်သူတွေက လေးစား ဂုဏ်ပြုနေကြပါတယ်။

ဒီအကြောင်းအရာကို သိခဲ့တဲ့ ယူရို ပြိုင်ပွဲရဲ့ အဓိက မိန်းစပွန်ဆာ ဗီဗိုကလည်း ဗိုလ်လုပွဲမှာ ကွင်းအတွင်း ကြည့်ရှု ခွင့်လက်မှတ်ကို အစားထိုး ပြန်ပေးလာပါတယ်။

“ကျွန်တော့်ကောင်မလေးက လက်မှတ်ပေါက်ခဲ့တာပါ၊ဒါပေမယ့် အဲ့နေ့မှာပဲ ကျွန်တော့် အလှူက တစ်ချိန်တည်း မှာ လုပ်ရတော့မှာပါ။ နောက်ဆုတ်ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။”လို့ အက်စ်တ်လေက ဆိုပါတယ်။

ရိုးတွင်းချင်ဆီလှူဖို့ လွန်ခဲ့တဲ့ ၆ပတ်ခန့်လောက်က ဆောာင်ရွက်ခဲ့တာ ဖြစ်ပြီး သူ့ကို လေးစားတဲ့အတွက် အားကစား အစီအစဥ် တင်ဆက်သူအဖြစ် ကမ်းလှမ်းခံထားရပါတယ်။

“ကျွန်တော့် မိတ်ဆွေ ဆိုင်မွန်အနေနဲ့ သွေးကင်ဆာ ဖြစ်နေခဲ့တာပါ၊ ဒီလိုအချိန်မှာ ကျွန်တော့် လုပ်ရပ်နဲ့ ပတ်သက်ပြီး တောက်လျှောက် အားပေးခဲ့တဲ့ ဂယ်ရီလိုင်နီကာကို အထူးပဲ ကျေးဇူးတင်ပါတယ်။သူ့ကြောင့် ရန်ပုံ ငွေတွေရသလို ကျွန်တော်ကြည့်ချင်တဲ့ ယူရိုပြိုင်ပွဲလည်း ကြည့်ခွင့်ရတော့မှာ ဖြစ်ပါတယ်။”လို့ အက်စ်တ်လေက ဆက်လက်ဆိုပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၀ ယူရို ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပြီး ဒါဟာ အသင်း သမိုင်းတစ် လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လှမ်းခြင်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က