TikTok ဟာ Gen Z လူငယ်မျိုးဆက်အတွက် LinkedIn ပုံစံ ဖန်တီးလာပါတယ်

TikTok မှာ short videos တိုလေးတွေနဲ့ အလုပ်လျှောက်နိုင်မယ့် TikTok Resumes ဆိုတဲ့ features သစ်ကို ဖြန့်ချိလိုက်ပါတယ်။ 

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ဖြန့်ချိလိုက်တာ ဖြစ်ပြီး Gen Z မျိုးဆက် လူငယ်တွေကို အလုပ်လျှောက်နိုင်အောင် ချိတ်ဆက်ပေးလိုက်တာ ဖြစ်တယ်လို့ Business Insider သတင်းက ဖော်ပြထားပါတယ်။ လောလောဆယ် စမ်းသပ်ဖြန့်ချိထားတဲ့ Pilot Program အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပြီး ဒီပရိုဂရမ်ကနေ video resume အလုပ်လျှောက်လွှာတွေကို ဇူလိုင် ၃၁ ရက်နေ့အထိပဲ လျှောက်လို့ရအောင် လုပ်ထားတာပါ။ 



Photo: pcmag

ဒီနှစ်ထဲမှာ Gen Z လူငယ်မျိုးဆက် လူမှုကွန်ရက်သုံးစွဲသူတွေဟာ Instagram ထက် TikTok ကို ပိုသုံးလာကြပါတယ်။ TikTok User တစ်ဝက်ကျော်လောက်ဟာ အသက် ၂၄ နှစ်အောက် လူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ TikTok ဟာ Gen Z လူငယ်မျိုးဆက်အတွက် LinkedIn ပုံစံ ဖန်တီးလာတာ ဖြစ်ပါတယ်။ ပြောရရင် LinkedIn သုံးစွဲသူတွေထဲမှာ Gen Z မျိုးဆက် လူငယ်ပမာဏဟာ LinkedIn userbase တစ်ခုလုံးရဲ့ ၁၉.၃% ပဲ ရှိတာ ဖြစ်ပါတယ်။ 

TikTok သုံးစွဲသူတွေဟာ TikTok ပလက်ဖောင်းကို သုံးပြီး အလုပ်အကိုင်ဆိုင်ရာ အကြံပေးမှုတွေ မျှဝေတာ ၊ အလုပ်လျှောက်ရာမှာ သိသင့်တဲ့အချက်တွေ ပြောပြတာ ၊ အင်တာဗျူးကျင့်ဝတ်နဲ့ Resume ဘယ်လိုရေးရသလဲ လက်ဆင့်ကမ်းတာမျိုးတွေ လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။ TikTok ကနေ တရားဝင်အလုပ်ရှာဖွေရေး feature တစ်ခုအဖြစ် ထွက်လာတဲ့ TikTok Resumes ဟာ အလုပ်ရှာနေတဲ့ ငယ်ရွယ်သူ လူငယ်မျိုးဆက်ကို ဆွဲဆောင်နိုင်ဖို့ ရှိပါတယ်။ 

"အလုပ်လျှောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို တမူထူးခြားကွဲပြား ဆန်းသစ်စွာ တင်ဆက်ပြသနိုင်ဖို့ အားပေးပါတယ်။ နောက်ပြီး TikTok မှာ Video Resume တွေ ထုတ်ရာမှာလည်း #TikTokResumes ဆိုပြီး သူတို့ရဲ့ caption မှာ သုံးဖို့လည်း တိုက်တွန်းချင်ပါတယ်။" လို့ ကုမ္ပဏီက ဆိုပါတယ်။


Photo: KTLA

လက်ရှိမှာ Sweetgreen ၊ Great Clips၊ Target နဲ့ Chipotle တို့လို ကုမ္ပဏီကြီးတွေဟာ TikTok ပလက်ဖောင်းကို သုံးပြီး သူတို့ရဲ့ စတိုးဆိုင်နဲ့ သိုလှောင်ရုံလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ Entry နဲ့ Mid-Level ဝန်ထမ်းတွေရှာဖွေနေပါတယ်။ TikTok Resumes မှာ ကုမ္ပဏီပေါင်း ၃၀ ခန့် ပါဝင်ထားပါတယ်။ Shopify ဆိုရင် TikTok Resumes ရဲ့ pilot အစီအစဉ်ကနေ အကြီးတန်းဒေတာအင်ဂျင်နီယာတစ်ဦးပါ ခေါ်ယူနေပါတယ်။ 

လောလောဆယ်တော့ ဒီ feature ကို အမေရိကန်နိုင်ငံက အလုပ်အကိုင်ရှာဖွေရေးမှာပဲ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က