ဒိန်းမတ်နဲ့ပွဲစဥ်က အင်္ဂလန်ပရိသတ်အချို့ရဲ့ ဆိုးသွမ်းတဲ့ အပြုအမူတွေကြောင့် အခုလို ယူရို ၃၀၀၀၀ ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ကို ယူရို ၃၀၀၀၀ ဒဏ် ရိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြောင်းကတော့ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ဒိန်းမတ်အသင်း ဂိုးသမား ပင်နယ်တီ ကာကွယ်ဖို့ ကြိုးပမ်းနေချိန် အင်္ဂလန် ပရိသတ်တွေက မျက်နှာကို လေဆာမီးနဲ့ ထိုးခံခဲ့ရသလို ဂိုးသမား စိတ်အာရုံထွေပြားအောင်လည်း အသံတွေနဲ့ နှောက်ယှက်ခဲ့ကြလို့ဟု သိရပါတယ်။
ဒါ့အပြင် အင်္ဂလန်ပရိသတ် အချို့ဟာ မီးကျဥ်များကိုလည်း ကွင်းအတွင်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။
အင်္ဂလန်အသင်းဟာ ဒိန်းမတ်အသင်းကို ဆီမီးဖိုင်နယ်မှာ ၂-၁နဲ့ အနိုင်ရပြီး ၂၀၂၀ ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါပြီ။
ဒီလို တက်လှမ်းဖို့အတွက် အင်္ဂလန်အသင်းဟာ အရေးပါတဲ့ အနိုင်ဂိုးကို အချိန်ပိုကျမှ ပင်နယ်တီကတဆင့် ရယူ နိုင်ခဲ့တာပါ။
ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ကျေနပ်စွာ လက်ခံခဲ့တယ်လို့ သိရပါသေး တယ်။
လေဆာနဲ့ မျက်နှာကို အထိုးခံခဲ့ရတဲ့ ရှမိုက်ကယ်ကတော့ - “ ကျွန်တော့်အနေနဲ့ ဒီလို အတွေ့အကြုံမျိုး ခံစားရ လိမ့်မယ်လို့ မတွေးခဲ့မိပါဘူး။ဘာလို့လဲဆိုတော့ ပထမပိုင်းတုန်းက သူတို့ ပရိသတ်တွေက ကျွန်တော့် ဘေးတွေမှာ ပဲ ရှိနေခဲ့လို့ပါ။ဒုတိယပိုင်းမှာတော့ ပုံစံပြောင်းသွားလို့ ကျွန်တော် ခံစားလိုက်ရတာပါ။”လို့ ဆိုခဲ့ပါတယ်။
ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို ရှမိုက်ကယ်အနေနဲ့ သွားရောက် တင်ပြခဲ့ပြီး ဒိုင်လူကြီးကလည်း ပွဲ တာဝန်ရှိသူထံ သွားရောက် သတင်းပို့ထားခဲ့ပါသေးတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စုပွဲစဥ်တွေကို တစ်အုပ်စု တစ်နိုင်ငံနဲ့ နိုင်ငံ အနှံ့အပြားမှာ ပူးပေါင်း ကျင်းပခဲ့တာ ဖြစ်ပေမယ့်လည်း အုပ်စုပွဲစဥ်တွေတုန်းကလည်း အင်္ဂလန်က အိမ်ရှင်ဖြစ်ခွင့်ရခဲ့သလို ရှုံးထွက်ပွဲတွေမှာလည်း အိမ်ရှင်အဖြစ် ဆက်လက် ကစားခွင့်ရခဲ့ပါသေးတယ်။
လက်ရှိ ၆ပွဲကစားပြီးချိန်မှာ အိမ်ကွင်းကို ၅ပွဲထိ ကစားထားခွင့်ရခဲ့တာကလည်း အင်္ဂလန်အသင်းရဲ့ မဟာ အခွင့်အရေးလို့ ဆိုနိုင်သလို လာမယ့် ဗိုလ်လုပွဲဟာလည်း အင်္ဂလန် နိုင်ငံ ဝင်ဘလေကွင်းမှာပဲ ကျင်းပသွားအုံးမှာ ပါ။