ယခုနှစ်ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းဟာ ပင်နယ်တီ တစ်ကြိမ်မျှ မကစားထားရသေးပါ။

ကာရေဂါတို့ ကစားသမားဘဝကတည်းက ပင်နယ်တီနဲ့ ဆုံးဖြတ်ပြီ ဆိုရင် အင်္ဂလန်က ရှုံးနိမ့်ခဲ့ရစမြဲ ဖြစ်ပေမယ့် လည်း ဒီတစ်ကြိမ်တော့ အခွင့်အရေး ပြန်ယူမယ်လို့ ကာရေဂါက ကြိုတင် ဟောကိန်းထုတ်လာတာပါ။

အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲဟာ အင်မတန်မှ ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပေမယ့် လည်း အဆုံး သတ်မှာ အင်္ဂလန် အသင်းက ပင်နယ်တီနဲ့ အနိုင်ရလိမ့်မယ်လို့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ် အားကစား သုံးသပ်သူလည်း ဖြစ်တဲ့ ကာရေဂါက ဆိုလာပါတယ်။



“လာမယ့် တနင်္ဂနွေနေ့မှာကစားရမယ့် ဒီပွဲမှာ လေ့ကျင့်ရေးကွင်းက ခြေစွမ်းတွေကြောင့် အင်္ဂလန်အသင်းဟာ ၁၂ကိုက်စည်းကနေ အခွင့်အရေးတွေ ပိုရလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲအဖြေဟာ ပင်နယ်တီနဲ့သာ ပေါ် ပါလိမ့်မယ်။”လို့ ကာရေဂါက sky sportကို ပြောလာခဲ့ပါတယ်။

နည်းပြကြီး မန်ချီနီရဲ့ အီတလီအသင်းကလည်း အင်္ဂလန်အသင်း ခက်ခဲမယ်လို့ ယုံကြည်ထားသည့် အတိုင်း ၃၃ပွဲ ဆက် ရှုံးပွဲမရှိ စံချိန် တင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယခင် နှစ်ပေါင်း များစွာကတည်းက ပင်နယ်တီ ကံကောင်းလေ့ရှိတဲ့ အသင်း တစ်သင်းတော့ မဟုတ်ခဲ့ပါဘူး။

ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရတိုင်း ပင်နယ်တီဆိုရင် အင်္ဂလန်ဟာ အမြဲတမ်း ရှုံးနိမ့်ခဲ့ရစမြဲလည်း ဖြစ်ပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းရဲ့ ရှုံးထွက်အဆင့် ၃ပွဲစလုံးဟာ ပင်နယ်တီအထိ မရောက်လိုက်ပဲ အင်္ဂလန်အသင်း ဟာ ရလဒ်ပိုင်း အနိုင်ယူပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ယခု ကစားဖို့ တစ်ပွဲတည်းသာ ကျန်တော့တဲ့ ဗိုလ်လုပွဲကတော့ ပင်နယ်တီကို ရောက်မှာ ဖြစ်ပြီး အင်္ဂလန် ဒီတစ်ကြိမ်တော့ အပွဲပွဲ ရှုံးခဲ့သမျှ အခွင့်အရေး ပြန်ယူမယ်လို့ ကာရေဂါက ဆိုလာတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က