မနက်ဖြန် မနက်ပိုင်းမှာ ကစားကြတော့မှာပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲကိုတော့ ဒီနေ့ (တနင်္လာနေ့နံနက်ပိုင်း) မှာ ကစားကြတော့မှာပါ။ ပြိုင်ပွဲတလျှောက်ရှုံးပွဲမရှိစံချိန်တွေနဲ့ ဗိုလ်လုပွဲကိုတက်ရောက်လာတဲ့ အင်္ဂလန်နဲ့ အီတလီတို့ ထိပ်တိုက်ရင်ဆိုင်ကြရတော့မှာဖြစ်ပြီး ဝင်ဘလေကွင်းမှာ ကစားကြမှာလည်းဖြစ်ပါတယ်။ နှစ်သင်းစလုံးက အထင်ကြီးဖွယ်ရာခြေစွမ်းတွေနဲ့ ဒီအဆင့်ကို ရောက်ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ 


မန်စီနီ နဲ့ ဆောက်ဂိတ်တို့ဟာ ပွဲတိုင်းမှာ နည်းဗျူဟာကောငး်တွေကို အသုံးပြုခဲ့ပြီး ပြိုင်ဘက်တွေကို အသာစီးရယူနိုင်ခဲ့ပါတယ်။ ဖြတ်သန်းလာတဲ့ ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် အီတလီက ဘယ်လ်ဂျီယံ၊ စပိန်တို့လို ဗို်လ်စွဲနိုင်တဲ ့အသင်းတွေကို ကျော်ဖြတ်ခဲ့ရပြီး အင်္ဂလန်ကတော့ ထိပ်သီးအသင်းတွေကို ရှောင်လွှဲနိုင်တဲ့ လမ်းကြောင်းပေါ်ရောက်ခဲ့လို့ ခြေစွမ်းအားဖြင့် အီတလီက ပိုပြီးအသာစီးရှိနေမယ်လို့ ယူဆရပါတယ်။ အင်္ဂလန်အတွက် ဒီပွဲက ဗိုလ်လုပွဲဖြစ်တာနဲ့အညီ အကြီးမားဆုံးစမ်းသပ်ခံရမယ့် ပွဲဆိုလည်း မမှားပါဘူး။

ထိပ်တိုက်တွေ့ဆုံမှု


အီတလီက အင်္ဂလန်နဲ့ တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းတွေရထားပါတယ်။ ပွဲပေါင်း ၃၀ အထိ သူတို့ရင်ဆိုင်ထားရပြီးတော့ ၁၁ ပွဲအထိ အနိုင်ရခဲ့ကာ အင်္ဂလန်ကတော့ ၈ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။ အခုအချိန်ကတော့ အစဉ်အလာမှတ်တမ်းတွေကို ခဏမေ့ထားရမှာပါ။ ရှိသမျှအင်အားအကုန်ညှစ်ထုတ်ပြီး ကစားကြမှာမို့ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အင်္ဂလန်က အိမ်ရှင်အဖြစ် ကစားရမှာလည်းဖြစ်လို့ အခွင့်အရေးကသာနေပြီး အီတလီကလည်း ခြေစွမ်းအရ မာမာထန်ထန်ရှိတာကြောင့် အနေအထားကတော့ တူညီနေပါတယ်။


အီတလီယူရိုရလဒ်များ - နိုင်၊ နိုင်၊ နိုင်၊ နိုင်၊ နိုင်၊ နိုင်

အင်္ဂလန်ယူရိုရလဒ်များ - နိုင်၊ သရေ၊ နိုင်၊ နိုင်၊ နိုင်၊ နိုင်

စိတ်ဝင်စားဖွယ်ကိန်းဂဏန်းများ


ဟယ်ရီိကိန်း နဲ့ စတာလင်တို့ နှစ်ဦးပေါင်းဟာ အင်္ဂလန်အတွက် ၇ ဂိုးအထိ သွင်းယူပေးထားပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ကတော့ နောက်ဆုံး ၃ပွဲမှာ ၄ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေပြီး ရွှေဖိနပ်ဆုကိုပါ မျှော်လင့်နေနိုင်တာပါ။ အင်္ဂလန်ဟာ အဓိကပြိုင်ပွဲကြီးတွေမှာ အချိန်အကြာဆုံးဂိုးမပေးရတဲ့ စံချိန်ကိုလည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပိုင်ဆိုင်ထားခဲ့ပြီး ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲဆီတက်လှမ်းခဲ့တာဖြစ်ပါတယ်။ 


ဒါပေမယ့် အီတလီနဲ့ ရင်ဆိုင်ခဲ့ရမှုတွေမှာ အင်္ဂလန်က မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။ အဓိကပြိုင်ပွဲကြီးတွေမှာ အင်္ဂလန်က အီတလီကို လုံးဝအနိုင်ရမဖူးဘဲ အီတလီက ပွဲအားလုံးကို အနိုင်ရထားတာပါ။ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းကလည်း အီတလီက ၂-၁ နဲ့ အင်္ဂလန်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ 


အီတလီအတွက်တော့ ယူရိုဗိုလ်လုပွဲကို ၄ ကြိမ်မြောက်ကစားရတာဖြစ်ပြီး နောက်ဆုံးနှစ်ကြိမ်ကတော့ ယူရို ၂၀၀၀ နဲ့ ယူရို ၂၀၁၂ ဗိုလ်လုပွဲတွေမှာ ပြင်သစ်နဲ့ စပိန်ကို အရေးနိမ့်ခဲ့ပါတယ်။ အီတလီက လက်ရှိမှာ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားပြီး အကောင်းဆုံးခြေစွမ်းကိုပြသနေတာပါ။ အဓိကပြိုင်ပွဲကြီးတွေမှာ အီတလီထက် ဗိုလ်လုပွဲပိုပြီးတက်ရောက်နိုင်တဲ့အသင်းက ဂျာမနီပဲရှိပါတယ်။ အီတလီက စုစုပေါင်း ၁၀ ကြိမ်တက်ရောက်ထားပြီး ဂျာမနီကတော့ ၁၄ ကြိမ်တက်ရောက်ထားနိုင်ခဲ့ပါတယ်။ 

Share

က္က