ဒုတိယ ကမ္ဘာစစ်က အကြောင်းတွေကို ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်က ကိစ္စတွေကို တွေးနေတုန်းပဲဆိုရင် မင်းဟာ အနည်းငယ်တော့ ရူးကြောင်ကြောင်နိုင်တယ်လို့ ဂျာမနီသတင်းစာ Bild က သတိပေးလိုက်တာပါ။

အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို ၁၆သင်းအဆင့်မှာ ၂-၀နဲ့ အနိုင်ရခဲ့ပြီး ယခုအခါ ဗိုလ်လုပွဲကိုတောင် ရောက် ရှိနေပြီ ဖြစ်ပါတယ်။



ဒီလို ဗိုလ်လုပွဲကို သွားရာ လမ်းတစ်လျှောက်မှာ မိမိတို့ အင်္ဂလန်အသင်းကို စိတ်ဓာတ် တွန်းအားဖြစ်စေခဲ့တာက တော့ ဒုတိယကမ္ဘာစစ်သာ ဖြစ်တယ်လို့ ဆောက်ဂိတ်က အသားပေး ပြောဆိုသွားတဲ့အပေါ် ဂျာမနီ သတင်းစာ တိုက်က အခုလို အပြင်းအထန် ဝေဖန်လာတာပါ။

ဆောက်ဂိတ်ဟာ ဂျာမနီအသင်းကို အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့် ပွဲစဥ်အပြီးမှာ ၁၉၆၆ ကမ္ဘာ့ဖလားတုန်းကလည်း ဂျာမနီကို အနိုင်ယူပြီး ဝင်ဘလေမှာ ချန်ပီယံ ဖြစ်တဲ့ မှတ်တမ်းကို ပြန်လည်အခြေခံပြီး စိတ်ဓာတ်ခွန်အားယူ ကြောင်းတွေ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့တတွေ တကယ့်ကို ဂုဏ်ယူသင့်တဲ့ အချိန်ပါပဲ၊ကျွန်တော့်အနေနဲ့ မိဘတွေပေးခဲ့တဲ့ နှလုံးသား နဲ့ လူတွေကို ကိုယ့်စိတ်ရင်းအတိုင်း ဆက်ဆံပါတယ်။အားလုံးကိုလည်း လေးစားပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ကို ကျူးကျော် ဝင်ရောက်လာဖို့ ကြိုးစားလာပြီဆိုရင်တော့ ပြန်လည်ခုခံဖို့ သတ္တိတွေ ကျွန်တော်တို့ ရှိရပါမယ်။ဒါ ကြောင့် ဘောလုံးကွင်းထဲမှာ ဂျာမနီနဲ့ပွဲကို ရေကုန်ရေခမ်း ကစားခဲ့တာပါပဲ။”လို့ ဆောက်ဂိတ်က တစ်ဖက်လှည့်နဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံရဲ့ ကျူးကျော်မှုတွေကို စောင်းမြောင်းပြောဆိုခဲ့တာပါ။

ဒီအပေါ်မှာတော့ ဂျာမနီ သတင်းစာတိုက် Bild ကဆောက်ဂိတ်ရဲ့ ပြောစကားတွေကို လက်ခံနိုင်ပဲ လူမျိုးရေး ခွဲ ခြားမှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုလာပါတယ်။

ဆောက်ဂိတ်ရဲ့ ပြောစကားအပေါ်မှာအခြေခံပြီး ဂျာမနီသတင်းစာက - “ မှန်ပါတယ်၊နာဇီတွေက ၄၀/၄၁တုန်းက အင်္ဂလန်ကို လေယာဥ်တွေသုံးပြီး လက်နက်ချစေဖို့ တိုက်ခိုက်ခဲ့တယ်ဆိုတာ။အဲ့ဒီတုန်းက ဝန်ကြီးချုပ် ဝင်စတန် ချာချေလ်ဟာ သူ့နိုင်ငံကို မကယ်နိုင်ခဲ့ပေမယ့် ဥရောပကို နာဇီတွေရဲ့ ဘေးက လွတ်မြောက်အောင်တော့ စွမ်း ဆောင်ပေးနိုင်ခဲ့သူပါ။ဒါကြောင့်ပဲ ဆောက်ဂိတ်က ဝင်စတန်ကို ပြီးခဲ့တဲ့ နှစ်လောက်က ပြုလုပ်ခဲ့တဲ့ တီဗွီအစီအ စဥ်တစ်ခုမှာ မဲပေးခဲ့သေးတာ မှတ်မိပါတယ်။ဒါပေမယ့် မစ္စတာ ဆောက်ဂိတ်သိထားရမှာက ခင်ဗျား လေးစားရတဲ့ ဝင်စတန်ရဲ့ ရန်သူတွေက ဟစ်တလာနဲ့ ဂိုရင်တို့ပါ။မူလာနဲ့ နူအာတို့ မဟုတ်ပါဘူး။”လို့ ပြန်လည် တုံ့ပြန် ရေး သားလာတာပါ။

အဆုံးသတ်မှာလည်း - “ငါတို့တွေဟာ ဗိုလ်လုပွဲကို အာရုံစိုက်သင့်ပါတယ်။ အခု ကစားကြမယ့် အီတလီ- အင်္ဂလန် ဗိုလ်လုပွဲမှာလည်း အင်္ဂလန် ဗိုလ်စွဲခဲ့မယ်ဆိုရင် ဒါဟာ စစ်ကြောင့် မဟုတ်ပဲ စတားလင်းနဲ့ ကိန်းကြောင့်ပဲ ဖြစ်ပါ လိမ့်မယ်။”လို့ အရေးအသားကောင်းစွာ ဆောက်ဂိတ်ကို တုံ့ပြန်ခဲ့ပါသေးတယ်။

ဂျာမနီအသင်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ပြီးနောက် အဓိက ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာ နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က