ယနေ့ညမှာ ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားရမှာပါ။

အင်္ဂလန်အသင်းကို စပါးတိုက်စစ်မှူး ကိန်းက ဦးဆောင်လာတာ ဖြစ်ပြီး အဓိက ကစားသမားတွေအဖြစ် စတား လင်း၊ဟန်ဒါဆင်၊ဆာကာ၊ဆန်ချို၊မေဆန်မောင့်၊ဝေါ်လ်ကာ၊မက်ဂွဲယား စတဲ့ ကစားသမားတွေ ရှိနေပါတယ်။

အီတလီအသင်းရဲ့ ဝါရင့် နောက်ခံလူ ချီလီနီက အင်္ဂလန်အသင်းအနေနဲ့ အရန်ကစားသမားစာရင်းနဲ့တောင် ယခု ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်တယ်လို့ ချီးမွမ်းခဲ့ပါတယ်။



“တကယ်တော့ ကျွန်တော့်ကို ရယ်စေတာက အင်္ဂလန်အသင်းရဲ့ အရန်ကစားသမားစာရင်းပါပဲ။သူတို့အသင်း လူ အင်အားတောင့်ချက်ကတော့ အရန်နဲ့တင် ဗိုလ်လုပွဲ တက်နိုင်ပါတယ်။ထူးချွန်ထက်မြက်တဲ့ ကစားသမား ကောင်းတွေပိုင်ဆိုင်ထားနိုင်တာက သူတို့ အားသာချက်ပါပဲ”လို့ ချီလီနီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြော ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယခုနှစ် ယူရိုပြိုင်ပွဲမှာ ပေးဂိုးမရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး လူအင်အားအရ လည်း အကောင်းဆုံး အခိုက်အတန့်မှာ ရှိနေတာပါ။

ချီလီနီပြောသလို အင်္ဂလန်အသင်းရဲ့ အရန်လူစာရင်းမှာ ရက်ရှ်ဖို့ဒ်၊လီဝင်၊ဘယ်လင်ဟန်၊ဖိလစ်၊ဂရီလစ်ရှ်၊ ရိုက်စ်၊ဖိုဒန်၊ဂျိမ်းစ်၊ဘန်ဝှိုက်၊စတုန်း၊စတဲ့ ကလပ်အသင်းကိုယ်စီမှာ အဓိက ကစားသမားအဖြစ် ကစားနေသူတွေ ပါဝင်နေတာပါ။

အီတလီအသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့ပေမယ့်လည်း ယခုအခါ ၂၀၂၀ ဥရောပ ဖလားပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါပြီ။

“အုပ်စုတွင်း ပွဲစဥ်တွေတုန်းကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ကျွန်တော့် အနေနဲ့ ယခုအချိန်မှာ အီတလီ အသင်းနှင့်အတူ အောင်မြင်မှု အတွေ့အကြုံတွေကို ခံစားချင်ပါတယ်။အသက်အရွယ်အားဖြင့် ၃၆နှစ်ထဲမှာဆို တော့ ဒါဟာ နောက်ဆုံး မျှော်လင့်ခွင့်လို့လည်း ဆိုနိုင်ပါတယ်။”လို့ ချီလီနီက ဆက်လက်ဆိုပါတယ်။

အီတလီအသင်းကတော့ အင်္ဂလန်အသင်းနဲ့ ယနေ့ည မြန်မာစံတော်ချိန် တနင်္လာနံနက် ၁နာရီခွဲမှာ ဗိုလ်လုပွဲ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က