အင်္ဂလန်အသင်းဟာ အီတလီအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ သမိုင်းတစ်လျှောက်မှာလည်း ပင်နယ်တီ အဆုံးအဖြတ်တိုင်း အရှုံးနဲ့သာ ရင်ဆိုင်ရတဲ့ မှတ်တမ်းဆိုးကို မချေဖျက်နိုင်သေးပဲ ရှိနေခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ၂၀၂၀ ယူရို ဗိုလ်လုပွဲမှာ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အဓိက ဆုဖလားကြီးနဲ့ ဝေးကွာခဲ့ရပါတယ်။



ဒီလိုရှုံးနိမ့်ခဲ့ရာမှာ ပင်နယ်တီ အဆုံးအဖြတ်ကို ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့တဲ့ ကစားသမားတွေဟာ ယခုအ ခါ လူမျိုးရေးအရ ခွဲခြား တိုက်ခိုက် ဆက်ဆံခြင်းကို ခံနေရတယ်လို့ နည်းပြ ဖြစ်သူ ဆောက်ဂိတ်က ပြောလာပါ တယ်။

ဒီအခြေအနေကို ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ အင်္ဂလန် အက်ဖ်အေတို့ကလည်း အပြင်းအထန် ရှုံ့ချ တုံ့ပြန် လာပါတယ်။

“ဘာကို ရပ်တည်နေလဲဆိုတာ မသိတော့ပါဘူး။နိုင်ငံအသင်းဆိုတာ လူတိုင်းအတွက် အတူတကွ ရှိနေဖို့ပါ။ အကောင်းမြင်ဖို့နဲ့ အရာအားလုံးကို ကျွန်တော်တို့ရဲ့ လုပ်‌ဆောင်နိုင်စွမ်းတွေ ပြသခဲ့ပြီး ဖြစ်ပါတယ်။ပင်နယ်တီ ဘယ်သူ ကန်ရမလဲဆိုတာ ကျွန်တော့် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ကစားသမားတွေရဲ့ အပြစ်လည်း မဟုတ်သလို ဘယ်သူ့အပြစ်မှလဲ မဟုတ်ပါဘူး။”လို့ ဆောက်ဂိတ်က ဆိုပါတယ်။

အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့တဲ့ ဖြစ်စဥ်မှာ ပင်နယ်တီ ၅လုံး ကန်သွင်းကြရာ၌ ကိန်းနဲ့ မက်ဂွဲယားတို့ နှစ်ဦးက ဝင်ပြီး ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့ ဆာကာတို့ ၃ဦး လွဲချော်ခဲ့ကြတာပါ။

ဒီကစားသမား ၃ဦးကို အင်္ဂလန်အသင်း အားပေးသူ ပရိသတ်တွေက ယခုအခါ ကြိတ်မနိုင် ခဲမရဖြစ်ပြီး ရိုင်းစိုင်းစွာ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး လူမှုကွန်ရက်ကတဆင့် လူမျိုးရေး ခွဲခြား ဆက်ဆံနေကြတဲ့ သူတွေကို ယူအီးအက်ဖ်အေနှင့်တကွ အင်္ဂလန် အက်ဖ်အေတို့က လက်ပိုက်ကြည့်မနေ့ပဲ အရေးယူမှုတွေ လုပ်‌ဆောင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က