လုံခြုံရေးစည်းကျိုးပျက်ခဲ့ရပါတယ်။

လက်မှတ်မရတဲ့ ပရိသတ်အချို့ ကွင်းအတွင်း ကျူးကျော် ဝင်ရောက်မှုအချို့ ရှိခဲ့သလို ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။

အီတလီ-အင်္ဂလန် ယူရို ၂၀၂၀ ဗိုလ်လုပွဲဟာ အင်္ဂလန် နိုင်ငံ ဝင်ဘလေကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ပွဲစဥ်မှာ လုံခြုံးရေးစည်းကျိုးပျက်မှုတွေ ရှိခဲ့ပါတယ်။



ကိုဗစ် သတ်မှတ်စည်းမျဥ်းတွေကြောင့် ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ကို အကန့်အသတ်နဲ့သာ ထားရှိခဲ့တဲ့ အပေါ်မှာ လက်မှတ်မရတဲ့ ပရိသတ်တွေက ကွင်းအတွင်းကို အတင်း ဝင်‌ရောက်ခဲ့ကြတာပါ။

“လုံခြုံရေးတွေက တားတဲ့ကြားကနေ လက်မှတ်မဲ့ ပရိသတ်အချို့ ကွင်းအတွင်း ကျူးကျော် ဝင်ရောက်သွားခဲ့ပါ တယ်။”လို့ လုံခြုံရေး တာဝန်ယူခဲ့သူ တစ်ဦးက ဆိုပါတယ်။

အင်္ဂလန် ပရိသတ်တွေဟာ ပွဲအပြီးမှာလည်း အသင်းရှုံးနိမ့်လို့ အီတလီ ပရိသတ်တွေကို ခိုက်ရန်ပြုမှုတွေ ဖြစ် ပေါ်ခဲ့တာ လူမှုကွန်ရက်တွေမှာ တက်လာပါတယ်။

အခုလို ဖြစ်ပျက်ခဲ့တာတွေအတွက် အက်ဖ်အေက ပြန်လည်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး တစ်ဦးချင်းစီကို ရှာဖွေ ဖော်ထုတ် အရေးယူသွားမယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀မှာ ရှုံးပွဲမရှိ ပေးဂိုးမရှိ ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ပေးဂိုး စတင်ခွင့်ပြုခဲ့ရသလို ပင်နယ်တီအဆုံးအဖြတ်နဲ့လည်း ရှုံးနိမ့်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က